Browsed by
Category: News

IU နဲ့ Yeo Jin Goo တို့နှစ်ယောက်ကိုအတူတွဲတွေ့ရမယ့် ကိုရီးယားဒရာမာအသစ်

IU နဲ့ Yeo Jin Goo တို့နှစ်ယောက်ကိုအတူတွဲတွေ့ရမယ့် ကိုရီးယားဒရာမာအသစ်

IU နဲ့ Yeo Jin Gooတို့ နှစ်ယောက်ကိုတော့ အသစ်ရိုက်ကူးတော့မယ့် ကေဒရာမာအသစ်ဖြစ်တဲ့ Hotel del Luna ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အတူတွဲတွေ့ရတော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ IU ပါဝင်မယ်ဆိုတာကိုတော့ ကြေငြာခဲ့ပြီးပြီဖြစ်ပြီး  မင်းသား Yeo Jin Gooပါဝင်မယ့် အကြောင်းကိုတော့ အတွင်းလူတစ်ယောက်က ထုတ်ပြောခဲ့တာဖြစ်ပါတယ်။ Hotel del Luna ကတော့ စိတ်ကူးယာဉ် ဝိဥာဉ်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။ ဆိုလ်းမြို့အလယ်မှာရှိတဲ့ Hotel del Lunaကိုတော့ ဒီလောကကြီးကနေ ထွက်မသွားနိုင်တဲ့ ဝိဥာဉ်ပိုင်ရှင်တွေကသာ မြင်နိုင်တာဖြစ်ပြီး သာမန်လူတွေကတော့ စုတ်ပြတ်နေတဲ့ ဟော်တယ်အဟောင်းကြီးအဖြစ်ပဲ တွေ့နိုင်ပါတယ်။ IU ကတော့ အတိတ်ကကျူးလွန်ခဲ့တဲ့ အပြစ်ကြောင့် ကျိန်စာမိနေတဲ့ Jang Man Wolဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်မှာဖြစ်ပါတယ်။ Yeo Jin Goo ကတော့ အစွဲအလန်းကြီးလွန်းတဲ့ ဟော်တယ်ပိုင်ရှင်  Goo Chan Sung ဆိုတဲ့နေရာကနေ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ Hotel del Lunaဇာတ်လမ်းတွဲကိုတော့ သြဂုတ်လမှာ စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။ SOurce: Koreaboo [Unicode] IU နဲ့ Yeo Jin Gooတို့ နှစ်ယောက်ကိုတော့ အသစ်ရိုက်ကူးတော့မယ့်…

Read More Read More

အလောင်းတော်ကဿပကျောက်ဂူ တံခါးသည် ထူးခြားစွာ အကြိမ်းပေါင်းများစွာပွင့်ဟသွာခဲ့ .( ဗီဒီယို ဖိုင် )

အလောင်းတော်ကဿပကျောက်ဂူ တံခါးသည် ထူးခြားစွာ အကြိမ်းပေါင်းများစွာပွင့်ဟသွာခဲ့ .( ဗီဒီယို ဖိုင် )

အလောင်းတော်ကဿပကျောက်ဂူ တံခါးသည်ဒိနှစ်မှာလည်ထူးခြားစွာ အကြိမ်းပေါင်းများစွာပွင်ဟသွာခဲ့သည်videoအားဘုရားဖူးများ၏ကိုယ်တွေ ဖူးမျှော်ရိုက်ကူခဲ့ရသောကျောက်တံခါးပွင်ဟသွားပုံ ကပိုင်သီးကုန်းသားလေဝင်းနိုင်ဦး(ရှင်းရှင်းစားတော်ဆက်) 09977580588 အလောင်းတော်ကဿပဆိုသည်မှာဂေါတမမြတ်စွာဘုရားလက်ထက်ကတတိယတာဝကရှင်မဟာကဿပကိုယ်တော် မြတ်ကြီးဖြစ်ပြီးမြတ်စွာဘုရားရုပ်ကလပ်တော်ကိုရဟန္တာမြတ်ကြီးကိုယ်တိုင်မီးသင်ဂြိုခွင့်ရခဲ့၍ဂူတင်အကျင့်၁၃ပါးကိုအောင်မြင်ပြီးဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးသည်နောက်သာသနာအမွေကိုဆက်ခံခွင့်ရခဲ့တတိယတာဝကရှင်မဟာကဿပကိုယ်တော်မြတ်ကြီးဖြစ်ပါသည်~ မြတ်စွာဘုရားရှင်၏ရုပ်ကလပ်တော်ကိုရှင်မဟာကဿပကိုယ်တော်မြတ်ကြီးကိုယ်တိုင်မီးသဂြိုလ်ခွင့်ရရှိခဲ့သလိုရှင်မဟာကဿပရဟန္တာမြတ်ကြီးရုပ်အလောင်းတော်ကိုလည်နှောင်ပွင့်တော်မူမည့်အရိမေတ္တယျမြတ်စွာဘုရားကိုယ်တိုင်လက်ဝါးပေါ်တင်ပြီးမီးသင်ဂြိုလ်မှသာတေဇောဓာတ်လောင်းကျွမ်းမည်ဖြစ်ပါသောကြောင့်ကဿပရဟန္တာမြတ်ကြီး၏ရုပ်အလောင်းတော်သည်တေဇောဓာတ်လောင်ကျွမ်းခြင်းမရှိပဲယခုချိန်ထိရုပ်အလောင်းတော်ကြီးတည်ရှိနေသောကြောင့်အလောင်းတော်ကဿပဟုခေါ်ရချင်ဖြစ်ပါ သည်~ သမိုင်းအထောက်ထာအရအလောင်းတော်ကဿပရဟန္တာမြတ်ကြီး၏ရုပ်အလောင်းတော်မှာရွှေသာအတိဖြစ်သွားပြီး နှောင်ပွင့်တော်မူမည့်ဘုရားကိုယ်တိုင်မီးသင်ဂြိုလ်မှတေဇောဓာတ်လောင်ကျွမ်းမည်ဖြစ်ပါသည်ဘုရားမပွင့်ခင်မသာမသူများဖျက်စီးလိုမရနိုင်အောင်ကျောက်တံခါးငွေတံခါးရွှေတံ ခါးတံခါးကြီးသုံးတန်ဖြင့်ပိတ်ထားခြင်းဖြစ်ပြီးအလောင်း တော်ကဿပရဟန္တာမြတ်ကြီးပရိတ်နိဗာန်ပြုသည်တပို့တွဲလပြည့်နေတွင်ထူးခြားစွာကျောက်တံခါးပွင့်ဟခြင်းဖြစ်၍ငါသည်တတိယသာဝကရှင်မဟာကဿပရဟန္တာမြတ်ကြီးဖြစ် ကြောင်းသက်သေပြနေခြင်းပင်ဖြစ်သည်~ သီလသမာတိနှင့်ပြည့်စုံသော်ပုဂ္ဂိုလ်တိုသည့်သစ္စာအဒိဌာန် ပြုပြီးရဟန္တာမြတ်ကြီး၏ရုပ်ကလပ်အစစ်ကိုဖူးမြော်ခွင့်ရကြသည်းပုဂ္ဂိုလ်ပေါင်းများစွာရှိပြီးကိုယ်တွေ့မှတ်တမ်းများလည်းရှိသည်~လူအပေါင်းတို့သည်လည်အလောင်တော်ကဿပရဟန္တာမြတ်ကြီးကိုယုံကြည်စွာဖူးမျှော်သစ္စာပြုဆုတောင်းအဓိဌာန်ပြုကြလိုဆုတောင်းပြည့်ပြီးနှစ်စဉ်အဓိဌာန်ဝင်ဖူး မျှော်ကြသူများလည်များစွာရှိနေပါတယ်~***လူသာအားလုံးထူးခြားမြတ်လှအလောင်တော်ကဿပရှိရာအရပ်၌ရောက်ဖူးယုံသာမကသစ္စာအဓိဌာန်ပြုပြီးဖူးမျှော်ဆုတောင်းပြည် ကြပါစေ*** ဝင်းနိုင်ဦး(ရှင်းရှင်းစားတော်ဆက်/ကပိုင်သီးကုန်းရွာ)

ဘဝမှာ အခက်​အခဲကြုံလာသူတွေအတွက် တ​နေ့ (၉)ပတ်​စိပ်​ပြီး (၉)ရက်​အဓိဋ္ဌာန်​ ပုတီးစိပ်​နည်း…!

ဘဝမှာ အခက်​အခဲကြုံလာသူတွေအတွက် တ​နေ့ (၉)ပတ်​စိပ်​ပြီး (၉)ရက်​အဓိဋ္ဌာန်​ ပုတီးစိပ်​နည်း…!

စိတ်​ပျံ့လွင့်​သူများအတွက်​ ပုတီးစိပ်​နည်း​လေး​ပေးပါ့မယ်​။ပုတီးစိပ်​နည်း အမျိုးမျိုးရှိလို့ ကိုယ်​ကြိုက်​နှစ်​သက်​ရာ စိပ်​လို့ရပါတယ်​။တခုခုကိုစွဲစွဲမြဲမြဲ စိပ်​​စေချင်​ပါတယ်​။ ဦးဇင်း​ပေးတဲ့ပုတီးစိပ်​နည်း​လေးကို ​အောက်​မှာ​ရေး​ပေးထားပါတယ်​။ တခါ်​တ​လေကိုယ့်​ဘဝမှာအခက်​အခဲတခုခုကြုံလာရင်​ တ​နေ့ (၉)ပတ်​စိပ်​ပြီး (၉)ရက်​အဓိဋ္ဌာန်​ဝင်​ပြီးစိပ်​ကြည့်​ပါ။တစ်​ရက်​တည်း( ၉ )ပတ်​ကို တခါတည်းမစိပ်​နိုင်​ရင်​လည်း ခွဲစိပ်​လို့ရပါတယ်​။ဥပမာ မနက်​ သုံးပတ်​၊​နေ့လည်​ သုံးပတ်​ ည သုံးပတ်​​ပေါ့။ယုံယုံကြည်​ကြည်​နဲ့တကယ်​လုပ်​ကြည့်​ပါ။ပထမအကြိမ်​ မထူးခြား​သေးရင်​ ဒုတိယအကြိမ်​ဆက်​လုပ်​လိုက်​ပါ။တစ်​ကြိမ်​မှာ​တော့ဆု​တောင်းပြည့်​လာပါလိမ့်​မယ်​။ ကိုယ့်​ဘဝရဲ့ကံဇာတာ​တွေထူးခြားလာပါလိမ့်​မယ်​။ ပုတီးစိပ်​နည်း​လေး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ပုတီးတစ်​လုံးချ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ ပုတီးတစ်​လုံးချ သံဃံ သရဏံ ဂစ္ဆာမိ ပုတီးတစ်​လုံးချ အရဟံ တစ်​လုံးချ သမ္မာသမ္ဗုဒ္ဓေါ တစ်​လုံးချ ဝိဇ္ဇာစရဏသမ္ပ​န္နော သုဂ​တော ​လောကဝိဒူ အနုတ္တ​ရောပုရိသဓမ္မသာရထိ သထ္ထာ​ဒေဝမနုဿာနံ ဗု​ဒေ ဘဂဝါ ပုတီးတစ်​လုံးချ ​ဟေတုပစ္စ​ယော ပုတီးတစ်​လုံးချ အာရမ္မဏ ပစ္စယော ပုတီးတစ်​လုံးချ အဓိပတိပစ္စယော အနန္တရ ပစ္စယော သမနန္တရပစ္စ​ယော သဟဇာပစ္စ​ယော အညမညပစ္စ​ယော နိဿ . ယပစ္စ​ယော ဥပနိဿ ယပစ္စ​ယော ပု​ရေဇာတပစ္စ​ယော ပစ္ဆာဇာတပစ္စ​ယော အာ​သေဝနပစ္စ​ယော ကမ္မ ပစ္စ​ယော ဝိပါကပစ္စ​ယော အာဟာရပစ္စ​ယော ဣန္ဒြိယပစ္စ​ယော ဈာနပစ္စ​ယော မဂ္ဂပစ္စ​ယော သမ္ပယုတ္တ ပစ္စ​ယော ဝိပ္ပယုတ္တ.ပစ္စ​ယော…

Read More Read More

ဇနီးဟောင်း Jennifer Aniston ရဲ့ မွေးနေ့ပွဲကို Brad Pitt တက်ရောက်ရတဲ့ အကြောင်းအရင်း

ဇနီးဟောင်း Jennifer Aniston ရဲ့ မွေးနေ့ပွဲကို Brad Pitt တက်ရောက်ရတဲ့ အကြောင်းအရင်း

Brad Pitt  ကတော့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းလောက် သူ့ရဲ့ ဇနီးဟောင်း Jennifer Aniston ရဲ့ အသက် (၅၀)ပြည့်မွေးနေ့ပွဲကို တက်ရောက် ခဲ့ပါတယ်။Brad Pitt  နဲ့ Jennifer Aniston တို့ကတော့ တစ်ချိန်တုန်းက အရမ်းကိုချစ်ပြီး နာမည်ြ ကီးခဲ့ကြတဲ့ ဆယ်လီမောင်နှံပါ။ဇနီးဟောင်းရဲ့ မွေးနေ့ပွဲကို Brad Pitt  တက်ရောက်တဲ့ ကိစ္စကတော့ တွစ်တာပေါ် မှာ တော်တော်လေးကို လူပြောများခဲ့ပါတယ်။ဘာကြောင့် သူမရဲ့ ခင်ပွန်းဟောင်းကို မွေးနေ့ပွဲ ဖိတ်ရတာလဲ။ဘာကြောင့် Brad Pitt ကရော တက်ရောက်ခဲ့ရတာလဲ ဆိုပြီးနောက်ကွယ်က အကြောင်း အရင်းအမှန်ကို အားလုံးက စိတ်ဝင်စား နေကြပါတယ်။ တခြားဆယ်လီတွေဖြစ်တဲ့ Katy Perry, Ellen DeGeneres, Gwyneth Paltrow, Jason Bateman , Kate Hudson တို့ကလည်း ဒီပွဲကို တက်ရောက်ခဲ့ကြပါတယ်။ပါပါရာဇီတွေကတော့ ပွဲတက်လာတဲ့ Brad Pittရဲ့ ပုံရိပ် ကို အမိအရကို ရိုက်ခဲ့ကြပါတယ်။ဦးထုပ်ဆောင်းထားပေမယ့် မရမက ရိုက်ယူခဲ့ကြတာပါ။Brad Pitt  နဲ့ ရင်းနှီးတဲ့ အသိုင်းအ၀ိုင်းကနေ ထွက်လာတဲ့ သတင်းတွေအရ တစ်ချိန်က ဇနီးမောင်နှံဖြစ်ခဲ့ကြတဲ့ Brad Pitt …

Read More Read More

ကင်ဆာကြိတ်ရှိနေပေမယ့် (၁၂) ပတ်ထဲနဲ့ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲခဲ့တဲ့အမျိုးသား

ကင်ဆာကြိတ်ရှိနေပေမယ့် (၁၂) ပတ်ထဲနဲ့ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲခဲ့တဲ့အမျိုးသား

ရက်သတ္တပတ်(၁၂) ပတ်ထဲနဲ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းအာင် ပြောင်းလဲနိုင်တယ်ဆိုတာ အံ့သြချီးမွမ်းစရာပါ။ ဒါပေမယ့် အသက်(၂၂) နှစ်အရွယ် အိုလီဂျိုဝက်ဆိုသူကတော့ ဦးနှောက်မှာ ကင်ဆာကြိတ်ရှိနေပေမယ့် (၁၂) ပတ်ထဲနဲ့ ၄င်းခန္ဓာကိုယ်ကို ကျစ်လစ်နေအောင် အခုလို အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။ အိုလီကို အသက်ရှင်ဖို့ အချိန်(၅) နှစ်ပဲ ကျန်တော့မယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။ ထိုအချိန်တွေတုန်းကတော့ အိုလီဟာ လှေကားတက်ဖို့တောင် မနည်းကြိုးစားရတဲ့ အခြေအနေထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အိုလီဟာ အသက်ရှင်ဖို့ အချိန်အနည်းငယ်ပဲ ကျန်တော့တဲ့အချိန်မှာ စိတ်ပျက်အားလျော့မနေပဲ သူဖြစ်ချင်တာကို ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ အိုလီဟာ တင်းကြပ်တဲ့ အစားအသောက် စားသောက်ပုံစနစ်နဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပြီး အလွန်လှပကျစ်လစ်တဲ့ ကိုယ်ခန္ဓာအချိုးအစားကို ရယူနိုင်ခဲ့ပါတယ်။ (၁၂) ပတ်အတွင်းမှာပဲ အိုလီဟာ (၁၀) ကီလိုဂရမ် ကိုယ်အလေးချိန်လျှော့ချနိုင်ခဲ့ပြီး ကြွက်သားတွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ကိုယ်ကာယလေ့ကျင့်ရေးဆရာတစ်ယောက်အဖြစ် အလုပ်လုပ်နေတဲ့ အိုလီဟာ သူ့ဆီမှာ ဦးနှောက်ကင်ဆာအကြိတ်ရှိနေမှန်း သိပြီးနောက် စိတ်ပျက်ဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ်။ “အမှန်အတိုင်း ပြောရရင် ကျွန်တော့်မှာ ရောဂါရှိတယ်ဆိုတာ သိသိချင်း တုန်လှုပ်ခဲ့ရတာပါ။ ကျွန်တော်တတ်နိုင်တာက ငိုဖို့ပဲလေ။ အခုလိုမျိုး ပြောင်းလဲပစ်ဖို့ဆိုတာ ကျွန်တော့်ရဲ့ မကောင်းမြင်စိတ်ထားအကုန်လုံးကို ပြောင်းပြန်လှန်ပစ်ခဲ့ရတာပါ။ ဘ၀ဆိုတာ ရပ်မနေဘူး။ လူတိုင်းလူတိုင်းဟာ ပြဿနာတွေနဲ့ချည်းဆိုတော့ ကျွန်တော်လည်း အထူးတလည် ၀မ်းနည်းမနေတော့ပါဘူး…” လို့ ဆိုပါတယ်။…

Read More Read More

Valentine’s Day မှာ ချစ်သူလေးနဲ့အတူ နားထောင်သင့်တဲ့ သီချင်းလေးများ

Valentine’s Day မှာ ချစ်သူလေးနဲ့အတူ နားထောင်သင့်တဲ့ သီချင်းလေးများ

ချစ်သူလေးနဲ့အတူ အချစ်သီချင်းလေးတွေကို အတူတူနားထောင်ရင်း Valentine’s Day ကို ဖြတ်သန်းသွားမယ် ဆို တဲ့ သူတွေ အတွက် ..ဘယ်လိုအချစ်သီချင်းလေးတွေက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံပြုပေးချင်ပါတယ်။ေ အာက်မှာ ဖော်ပြထားတဲ့ နူးညံ့ တဲ့ အချစ်ကို ပုံဖော်ထားတဲ့ အချစ်သီချင်းကောင်းလေးတွေကို ချစ်သူလေးနဲ့ အတူ နားထောင်ပြီး ဖြတ်သန်းကြည့်ေ နာ်…………. (1)Perfect Ed Sheeran, feat. Beyoncé သီဆိုထားတဲ့ Perfect ဆိုတဲ့ သီချင်းလေးကလည်း ချစ်သူများနေ့မှာ ချစ်ရသူလေးနဲ့ အတူတူ နားထောင်သင့်တဲ့သီချင်းလေးပါ။စာသားလေးတစ်လုံးချင်းစီကလည်း တကယ့်ကို ချစ်စရာ ကောင်းလွန်းပါတယ်။”I found a love, to carry more than just my secrets ….To carry love, to carry children of our own …We are still kids, but we’re so in love Fighting against all odds ….I know we’ll be alright this…

Read More Read More

British Eng Speaking နဲ့ Listening တိုးတက်လိုသူတိုင်း ကြည့်သင့်တဲ့ TV Show

British Eng Speaking နဲ့ Listening တိုးတက်လိုသူတိုင်း ကြည့်သင့်တဲ့ TV Show

British တွေပြောတဲ့ အင်္ဂလိပ်စာလေယူလေသိမ်းကို နားလည်ရခက်တယ်၊ဖမ်းရခက်လို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီပြဿနာတွေကို ပြေလည်အောင်ကူညီပေးနိုင်တဲ့ အရာတစ်ခုရှိနေပါပြီ။တစ်နိုင်ငံနဲ့တစ်နိုင်ငံရဲ့ လေယူလေသိမ်းက မတူတော့ တခါတလေမှာ သူတို့ပြောတဲ့ စကားကို နားလည်အောင်ကြိုးစားရတာ အရမ်းကို ခက်ပါတယ်။အဲ့ဒီလို အခက်အခဲတွေထဲက မှ သင်ဟာ ဗြိတိန်တွေပြောတဲ့ အင်္ဂလိပ်စကားပြောကို နားမည်ဖူး၊British English Speaking  တိုးတက်ချင်သူတစ်ယောက် ဆိုရင်တော့ ကူညီပေးနိုင်တဲ့ အရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Tv Show တစ်ခုကို ကြည့်ပေးရမှာပါ။ အမေရိကန်တစ်ဝန်းမှာရှိတဲ့ မိဘတွေကတော့ ဒီ TV Show ကြောင့် သူတို့သားသမီးတွေရဲ့  British လေယူလေ သိမ်းက တော်တော်လေးကို တိုးတက်လာတယ်ဆိုပြီး ပြောနေကြပါတယ်။အဲ့ဒါကတော့ Peppa Pig.’ ဆိုတဲ့ TV Show ပါ။ကလေးတွေကြားမှာတော့ တော်တော်လေးကို နာမည်ကြီးနေတဲ့ Peppa နဲ့ သူမမိသားစုရဲ့ အကြောင်းလေးပါ။ဝက်မိသားစုလေးရဲ့ နေ့စဉ်လူနေမှုဘ၀အကြောင်းကို ပြထားတာပါ။ British animated series ပါ။အမေရိကန် မှာတော့ ကလေးလေးတွေဟာ ဒီ Show ကို ကြည့်ရင်းကြည့်ရင်းနဲ့ သူတို့ရဲ့ အမေရိကန် လေယူလေ သိမ်းက ပျောက်ပြီး ဗြိတိန်လေယူလေသိမ်းတွေဖြစ်ကုန်တဲ့ အထိတောင်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ Source kptv….

Read More Read More

လူတိုင်းဆင်နွှဲနေတဲ့ Valentine’s Day ဖြစ်ပေါ်လာပုံသမိုင်းကြောင်း

လူတိုင်းဆင်နွှဲနေတဲ့ Valentine’s Day ဖြစ်ပေါ်လာပုံသမိုင်းကြောင်း

နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရိ (၁၄) ရက်နေ့ရောက်ပြီဆိုတာနဲ့ ကမ္ဘာကြီးရဲ့ရှုခင်းဟာ ပန်းစည်းတွေ၊ လက်ဆောင်တွေ၊ ချောကလတ်တွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒီလိုအထိန်းအမှတ်ကို သူတော်စင် Valentine ရဲ့ နာမည်ကို အသုံးပြုကာ Valentine’s Day ခေါ် ချစ်သူများနေ့အဖြစ် ကျင့်ပပြုလုပ်လျက်ရှိပါတယ်။ သူတော်စင် Valentine ဆိုတာ ဘယ်သူလဲ၊ Valentine’s Day ကရော ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာတွေ သိပြီးကြပြီလား။ တော်တော်များမျာျးကတော့ Valentine’s Day ဟာ သူတော်စင် Valentine ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတယ်ဆိုတာ သိကြပေမယ့် တကယ့်သမိုင်းကြောင်းကိုတော့ ထဲထဲဝင်ဝင်မသိတာတွေလည်း ရှိနေပါတယ်။ Valentine’s Day ဟာ ခရစ်ယာန်သမိုင်းကြောင်းနဲ့ ဆက်စပ်နေပြီး ကတ်သလစ်အယူဝါဒအရ ဒဏ္ဍာရီဇာတ်လမ်း အနည်းဆုံးသုံးမျိုးသုံးစားရှိနေပါတယ်။ ဒဏ္ဍာရီထဲမှာ သူတော်စင်ရဲ့ နာမည်ကို Valentine သို့မဟုတ် Valentinus လို့ နှစ်မျိုးနှစ်စားဖော်ပြထားပါတယ်။ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်မှာတော့ သူတော်စင် Calentine ဟာ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ရောမ (၃) ရာစုနှစ်မှာ ရှိခဲ့ပါတယ်။ အင်ပါယာဘုရင် Claudius II လက်ထက်မှာတော့ ရောမတစ်ခွင်လုံးက ငယ်ရွယ်သူတွေအတွက် တုန်လှုပ်စေတဲ့ သတင်းဆိုးအမိန့်တစ်ခုကို ထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအမိန့်ကတော့ အမျိုးသားများအိမ်ထောင်ပြုပြီး မိသားစုတာဝန်ကို ထမ်းဆောင်ခြင်းထက် စစ်တပ်ထဲဝင်ပြီး စစ်တိုက်တာဟာ တိုင်းပြည်ကို ပိုအကျိုးပြုစေတယ်လို့ ထင်မြင်ယူဆခဲ့ကာ အိမ်ထောင်မရှိတဲ့ လူရွယ်များကို အိမ်ထောင်ပြုခွင့်မပေးတောဘဲ…

Read More Read More

လိင်တံထိပ်အရေပြား ဖြတ်သင့်၊ မဖြတ်သင့် ဝေခွဲရခက်နေလား

လိင်တံထိပ်အရေပြား ဖြတ်သင့်၊ မဖြတ်သင့် ဝေခွဲရခက်နေလား

တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အမျိုးသားတွေရဲ့ ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ လိင်တံထိပ်အရေပြား ဖြတ်ခြင်း – Circumcision ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတာ အများကြီးပါပဲ။ လိင်တံထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းကြောင့် ကျန်းမာရေးအရ ဘာတွေ ပြောင်းလဲမှု ရှိသွားလဲ။ လိင်စွမ်းဆောင်ရည်ပိုင်းမှာလည်း ကိုယ့်အတွက်ရော ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အတွက်ပါ ပြောင်းလဲမှု ရှိသွားမှာလား။ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတဲ့ အမျိုးသားတွေအတွက် လိင်တံထိပ် အရေပြား ဖြတ်ခြင်း မဖြတ်ခြင်း ကောင်းကျိုးနဲ့ ပြစ်ချက်တွေကို ပြောပြပေးချင်ပါတယ်။ လိင်တံထိပ်အရေပြား ဖြတ်တယ်ဆိုတာ ဘာလဲ။ အမျိုးသားတွေရဲ့လိင်တံထိပ်ဖူးမှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်တာကို Circumcision လုပ်တယ်လို့ ခေါ်ပါတယ်။ အမျိုးသားကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားတဲ့ မိသားစုတွေမှာလည်း ကလေးမွေးပြီးတာနဲ့ ဖြစ်စေ၊ အသက်ကြီးလာတဲ့အချိန်မှာ ဖြစ်စေ လိင်တံထိပ်မှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖယ်ရှားကြပါတယ်။ ကလေးအရွယ်မှာ လိင်တံထိပ်အရေပြား ဖြတ်ခြင်းဟာ ၅မိနစ်ကနေ ၁၀မိနစ်အထိသာ ကြာတတ်ပြီး လူကြီးတွေမှာတော့ တစ်နာရီဝန်းကျင် ကြာနိုင်ပါတယ်။ ခွဲစိတ်ထားတဲ့ ဒဏ်ရာ အနာကျက်ဖို့ ၅ရက်ကနေ ၇ရက်လောက် စောင့်ရပါတယ်။ အနာမကျက်သေးခင်အချိန်အထိ တစ်ကိုယ်ရေ အာသာဖြေခြင်း၊ လိင်ဆက်ဆံခြင်းအပြုအမူကို ရှောင်ကြဉ်ရပါမယ်။ လိင်တံထိပ်အရေပြားဖြတ်ခြင်း၊ မဖြတ်ခြင်း…

Read More Read More

ဧရာမဟင်းပွဲတွေကို မိဘမဲ့ကလေးများအတွက် အမြဲချက်ပြုတ်ပေးတဲ့ YouTuber အဖိုး

ဧရာမဟင်းပွဲတွေကို မိဘမဲ့ကလေးများအတွက် အမြဲချက်ပြုတ်ပေးတဲ့ YouTuber အဖိုး

YouTube မှာ ဘာတွေကြည့်ရတာအကြိုက်ဆုံးလဲမေးရင် အစားအသောက် အစီအစဉ် တွေပါပဲ။ အစာစားပြတဲ့ ဗီဒီယိုတွေ၊ ချက်ပြုတ်ပြတဲ့ ဗီဒီယိုတွေကို တစ်နေကုန်ထိုင်ကြည့်ခိုင်းရင်တောင် မပျင်းမရိဘဲ ကြည့်နိုင်ပါတယ်။ ဟင်းချက်တဲ့ဗီဒီယိုတွေတင်တဲ့ YouTube channel တွေထဲကမှ အမြဲတမ်းသတိထားမိနေတဲ့ channel တစ်ခုရှိပါတယ်။ Grandpa Kitchen ဆိုတဲ့ channel တစ်ခုပါ။ Subscribers ပေါင်း (၄,၁၁၄,၉၃၄) ယောက်တောင် ရှိနေပြီး အိန္ဒိယအခြေစိုက် YouTube channel တစ်ခုဖြစ်ပါတယ်။ အဓိကကတော့ ချစ်စဖွယ်အဖိုးအိုတစ်ယောက် မိဘမဲ့ကလေးပေါင်းများစွာအတွက် လှူဒါန်းကျွေးမွေးဖို့ စားစရာတွေချက်ပြုတ်နေတဲ့ ဗီဒီယိုတွေကို တင်တာပါ။ အဖိုးဟာ အသက် (၇၃) နှစ်ရှိပြီး နာမည်ကတော့ Narayana Reddy လို့သိရပါတယ်။ Subscribers ပေါင်း (၄) မီလီယံလောက်ရှိပြီး သူ့ရဲ့ဗီဒီယိုတစ်ခုချင်းဆီတိုင်းမှာ ကြည့်ရှုသူာလည်း မီလီယံနဲ့ချီနေပါတယ်။ Grandpa Kitchen ဆိုတဲ့ YouTube channel ကိုတော့ ၂၀၁၇ သြဂုတ်လမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုအချိန်အထိ YouTube user တွေကြား နာမည်ကြီးစွာ ရပ်တည်နေတာပါ။ ပုံမှန်မြင်တွေ့နေကြ ဟင်းချက်နည်းဗီဒီယိုတွေလိုမဟုတ်ဘဲ လူပေါင်းရာချီအတွက် ဧရာမဟင်းပွဲတွေ ချက်ပြလေ့ရှိပါတယ်။ ဆိတ်အကောင်လိုက်သုံးပြီး ဒံပေါက်ချက်တဲ့ဗီဒီယိုဟာဆိုရင် Grandpa ရဲ့ အကျော်ကြားဆုံး ဗီဒီယိုတွေထဲက တစ်ခုဖြစ်ပါတယ်။…

Read More Read More