Browsed by
Category: Knowledge

တစ်သက်မှာတစ်ခါတော့ ရောက်ဖူးသင့်တဲ့ ကမ္ဘာအနှံ့က လှပတဲ့မြို့ရွာလေး (၅) ခု

တစ်သက်မှာတစ်ခါတော့ ရောက်ဖူးသင့်တဲ့ ကမ္ဘာအနှံ့က လှပတဲ့မြို့ရွာလေး (၅) ခု

Zawgyi Font ဖြင့်ဖတ်ရန် နေ့စဉ်ရုန်းကန်လှုပ်ရှားမှုတွေကနေ ရုန်းထွက်ပြီး အချိန်တိုင်းဖိဆီးမှုဒဏ်တွေကို ရင်ဆိုင်နေရတဲ့ ကိုယ့်ကိုယ်ကို ဆုချချင်ရင်တော့ ခရီးထွက်တာအကောင်းဆုံးသောနည်းလမ်းပါပဲ။ ခရီးထွက်ဖို့အတွက် ကိုယ့် budget နဲ့ နေရာလေးတွေကို ညှိနှိုင်းလို့ရအောင်ရယ်၊ ဗဟုသုတရအောင်ရယ်အတွက် ဘဝမှာ တစ်ခါလောက်တော့ ရောက်ဖူးသင့်တဲ့ ကမ္ဘာအနှံ့မှ မြို့လေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ Chefchaouen, Morocco မော်ရိုကို နောက်မြောက်တောင်တန်းတွေကနေတစ်ဆင့် ဆက်သွားလျှင်တွေ့နိုင်မယ့် အပြာရောင်ရွာလေးပါ။ ဒီရွာလေးဟာ (၁၅) ရာစုလောက်တုန်းက ပေါ်တူဂီတွေရဲ့စစ်ရန်ကို တားဆီးဖို့အတွက် တည်ဆောက်ထားတဲ့ ခံတပ်ရွာလေးပဲဖြစ်ပါတယ်။ Chefchaouen ဟာ ဒေသထွက်ဆိုးဆေးတွေ၊ ယက်ကမ်းလက်ရာတွေနဲ့ လမ်းတိုင်းကို အလှဆင်ထားပြီး ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ ရေပန်းစားနေတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။ ဂရိရဲ့ ထိပ်တန်းကျွန်းတွေထဲ တစ်ကျွန်းအပါဝင်ဖြစ်တဲ့ Santorini ကျွန်းကတော့ ထွေထွေထူးထူးညွှန်းစရာမလိုဘဲ ခရီးသွားသူများကြား ခေတ်စားနေတဲ့ ကျွန်းလေးဖြစ်ပါတယ်။ Mediterranean ပင်လယ်ကြီးရဲ့အလှကို စိတ်ကူးယဉ်ဆန်ဆန်မြို့ငယ်လေးမှာ ခံစားလို့ရနိုင်မှာပါ။ ပင်လယ်ဘေးမှာ ကဗျာဆန်ဆန်တည်ရှိနေတဲ့ ရွာလေးတစ်ရွာမဟုတ်ဘဲ ရွာပေါင်း (၅) ရွာ ဟာ တစ်နေရာထဲမှာ တစ်စုတစ်စည်းတည်းတည်ရှိနေတဲ့နေရာလေးပါ။ တောင်တက်တာတွေအပြင် ရွာမှာရှိတဲ့အရောင်စုံတဲ့အိမ်လေးတွေကြောင့် အမြင်ဆန်းစေမှာဖြစ်ပါတယ်။ သမိုင်းဝင်မြို့၊ စိတ်ကူးယဉ်ပုံပြင်ဆန်တဲ့ အနာက်နိုင်ငံမှ မြို့တွေကိုပြောပါဆိုလျှင်တော့ Bruges လည်း အပါအဝင်ဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ နိဗ္ဗာန်ဘုံလို့တောင်တင်စားလို့ရတဲ့ Yangshou မြို့လေးပါ။ မြူမှိုင်းမှိုင်းတွေကြား ထိုးထွက်နေတဲ့ အနောက်ကတောင်တန်းတွေရယ် စိမ်းစိမ်းစိုစိုမြေပြင်နဲ့ထိစပ်နေတဲ့ ရေကြောင်းလမ်းတို့ကြောင့် ကဗျာဆန်ပြီး အေးချမ်းတဲ့နေရာလေးပဲဖြစ်ပါတယ်။ Source: Culture Trip Penny…

Read More Read More

ဆော်ဒီအာရေးဗျသဲကန္တာရထဲမှ အထီးကျန်စွာတည်ရှိနေတဲ့ ကျောက်တုံးနန်းတော်ကြီး

ဆော်ဒီအာရေးဗျသဲကန္တာရထဲမှ အထီးကျန်စွာတည်ရှိနေတဲ့ ကျောက်တုံးနန်းတော်ကြီး

Zawgyi Font ဖြင့်ဖတ်ရန် Elite Readers Qasr al-Farid သို့မဟုတ် အထီးကျန်နေတဲ့နန်းတော်ကြီးလို့ လူသိများတဲ့ ကျောက်တုံးနန်းတော်ကြီးဟာ ဆောဒီအာရေးဗျနေမြောက်ပိုင်းမှာရှိတဲ့ သဲကန္တာရတအတွင်းတည်ရှိနေပါတယ်။ အထပ်အားဖြင့် (၄) ထပ်ပါဝင်ပြီး ဧရာမကျောက်တုံးကြီးရဲ့ မျက်နှာပြင်တစ်ခြမ်းကိုသာ နန်းတော်ရဲ့အရှေ့မျက်နှာစာအဖြစ် ထွင်းထုထားပါတယ်။ Elite ReadersElite ReadersElite Readers AD ရဲ့ ပထမရာစုမှာပဲ ထွင်းထုခဲ့တယ်လို့ယူဆရပါတယ်။ Hegra နဲ့နီးစပ်တဲ့နေရာတစ်ဝှက်မှာတော့ ဒီကျောက်တုံးနန်းတော်နဲ့အတူတူ အခြားသော မှတ်တမ်းတင်ထိုက်တဲ့ အဆောက်အအုံပေါင်း (၁၃၁) ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီ (၁၄၁) ခုထဲကမှ Qasr al-Farid ကတော့ အကြီးဆုံးပဲဖြစ်ပါတယ်။ Elite Readers Qasr al-Farid ဟာ တည်ဆောက်မှုပိုင်းဆိုင်ရာမှာ မပြီးမြောက်ခဲ့ပေမယ့် Mada’in Saleh မှာတောာ့ အထင်ကရဗိသုကာလက်ရာအဖြစ်ထင်ရှားပါတယ်။ နှစ်ပေါင်း (၁၉၀၀) လောက်ကြာအောင် ရာသီဥတုနဲ့ အချိန်ကာလတွေရ့တိုက်စာားခြင်းကိုခံရ ကြံကြံခံနိုင်တဲ့ အဆောက်အဦလည်းဖြစ်ပါတယ်။ Elite ReadersElite Readers UNESCO မှာ မျက်စိကျခြင်းကိုခံခဲ့ရပြီး ဆော်ဒီအာရေးဗျရဲ့ ပထမဦးဆုံးတန်ဖိုးကြီးသမိုင်းဝင်အမွှေအနှစ်အဖြစ် ၂၀၀၈ ခုနှစ်မှာ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ READချီကာဂိုမြစ် ဘယ်လို ပြောင်းပြန်စီးနေသလဲ ဒီကျောက်တုံးနန်းတော်ရဲ့ ထူးခြားချက်ကတော့ သာမန်အဆောက်အုံတွေလို အောက်မှအထက်သို့ ထွင်းထုဆောက်လုပ်ထားတာမဟုတ်ဘဲ အထက်ပိုင်းမှ အောက်သို့ ပြန်ဆင်းကာ ထွင်းထုထားတာပဲဖြစ်ပါတယ်။ Elite Readers Source:…

Read More Read More

ကမ္ဘာကျော် Tom & Jerry ကာတွန်းဇာတ်လမ်းတွဲအကြောင်း လူသိနည်းသေးတဲ့ အချက်များ

ကမ္ဘာကျော် Tom & Jerry ကာတွန်းဇာတ်လမ်းတွဲအကြောင်း လူသိနည်းသေးတဲ့ အချက်များ

Zawgyi Font ဖြင့်ဖတ်ရန် ကိုယ်တွေ ငယ်ငယ်တုန်းက တစ်နေ့လုံး အိပ်ရာပေါ်မှာ ဇိမ်နဲ့လှဲပြီး ကာတွန်းကားတွေ ကြည့်ကြတဲ့အဖြစ်ကို မှတ်မိဦးမှာပါ။ ဒီထဲမှာ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ Tom & Jerry ကာတွန်းကားတွေဟာ ကိုယ်တွေနဲ့ အရင်းနှီးဆုံးဖြစ်မှာပါ။ ဇာတ်လမ်းထဲမှာ အမြဲတမ်းရန်ဖြစ်နေတဲ့ သူတို့ရဲ့ မျက်နှာပေးတွေဟာ အူတက်အောင် ရီရပါတယ်။ Tom & Jerry ကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အများကြီးရှိနေပေမယ့်လည်း ဒီကာတွန်းဇာတ်လမ်းတွဲနဲ့ ပတ်သက်လို့ လူသိနည်းတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။ Tom & Jerry ကာတွန်းဇာတ်လမ်းတွဲကို (၁၉၄၀) ခုနှစ်မှာ William Hanna နဲ့ Joseph Barbera တို့က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Yogi Bear ၊ Top Cat ၊ Scooby-Doo ၊ The Smurfs နဲ့ The Flintstones တို့ကိုလည်း သူတို့နှစ်ယောက်ပဲ ဖန်တီးခဲ့တာပါ။ Wikipédia Tom & Jerry ကို  Jasper & Jinx လို့ နာမည်အရင် ပေးခဲ့တာပါ။ နောက်ပိုင်းမှာ Tom & Jerry လို့ နာမည်ပြောင်းခဲ့တာ ဖြစ်ပါတယ်။ Image credits: momokacma/Flickr, maxpixel.freegreatpicture.com ဇာတ်လမ်းတွဲမှာ စုစုပေါင်း…

Read More Read More

လက်ထပ်ခဲ့ရခြင်းရဲ့ အကြောင်းရင်းကို ပွင့်ပွင့်လင်းလင်း ပြောခဲ့သူတို့ရဲ့ အသံများ

လက်ထပ်ခဲ့ရခြင်းရဲ့ အကြောင်းရင်းကို ပွင့်ပွင့်လင်းလင်း ပြောခဲ့သူတို့ရဲ့ အသံများ

Zawgyi Font ဖြင့်ဖတ်ရန် လက်ထပ်ခြင်းလို့ ဆိုလိုက်တာနဲ့ များသောအားဖြင့်တော့ အချစ်နှစ်ခု ပေါင်းစပ်တယ်လို့ လွယ်လွယ်တွေးတတ်ကြပါတယ်။ တကယ်တော့ လက်ထပ်ခြင်းရဲ့ အခြားတစ်ဖက်မှာ အခြားအကြောင်းပြချက်တွေလည်း ရှိနေပါသေးတယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကတော့ လက်ထပ်ခြင်းနဲ့ပတ်သက်တဲ့ အကြောင်းပြချက်တွေထဲက အချို့ဖြစ်ပါတယ်။ (၁) ချောင်ပိတ်မိနေလို့ (အမျိုးသမီးတစ်ဦး)- အမှန်တော့ သူ့ကို ကျွန်မ မချစ်ခဲ့ပါဘူး။ အခု အိမ်ထောင်သက် ဆယ်နှစ်ကျော်နေပါပြီ၊ ချစ်တယ်လို့ တစ်ခါမှ မစဉ်းစားခဲ့မိပါဘူး။ ဒါ တော်တော်လေး ထူးဆန်းပါတယ်။ နောက်ဆုံး ခြုံပြောရရင်တော့ ကျွန်မမိဘတွေရဲ့ အ တင်းတိုက်တွန်းမှုနဲ့၊ ဆွေမျိုးသားချင်းတွေရဲ့ ဆန္ဒအရ သူ့ကို လက်ထပ်လိုက်ရတာပါ။ တစ်ချို့က ကိုယ်မချစ်တဲ့သူတစ် ယောက်ကို လက်ထပ်လိုက်ပြီးနောက် ချစ်သွားကြလိမ့်မယ်လို့ ဆိုကြပါတယ် … တကယ်တော့ အချစ်ဆိုတာဖြစ်ဖို့ အဲဒီ လောက် မလွယ်ပါဘူး။ (၂) ငွေကြေးအရ/ အားကိုးရမလားလို့ (အမျိုးသမီးတစ်ဦး)- ကျွန်မကတော့ သူ့ကို ငွေကြေးအရ လက်ထပ်ခဲ့တာပါ။ ဒါ ရိုးရိုးသားသား ၀န်ခံခြင်းပါ။ အခုနေ သူနဲ့ ကျွန်မ ကွာရှင်းထားတယ် ဆိုပါစို့ ကျွန်မကားအတွက် ကုန်ကျစာရိတ်တွေ ကျွန်မ မပေးနိုင်ပါဘူး .. နောက် မကြာမီမှာ…

Read More Read More

အသက်ရှူမှားလောက်အောင် လှပလွန်းတဲ့ ကိုလံဘီယာက သက်တန့်မြစ်

အသက်ရှူမှားလောက်အောင် လှပလွန်းတဲ့ ကိုလံဘီယာက သက်တန့်မြစ်

Zawgyi Font ဖြင့်ဖတ်ရန် ကိုလံဘီယာနိုင်ငံရဲ့ တစ်နေရာမှာ Caño Cristales အမည်တွင်တဲ့ ရင်သပ်ရှုမောဖွယ် အသွေးအရောင်စုံ မြစ်တစ်စင်းရှိပါတယ်။ နှစ်စဉ်နှစ်တိုင်းလိုလို အချိန်အားဖြင့် (၆) လကြာအောင် အ၀ါ၊ အနီ၊ အပြာ၊ အစိမ်းနဲ့ အနက် ရောင်စဉ်တွေကို Caño Cristales ဟာ ပေါင်းစုဖွဲ့စည်းပြီး သူ့ကိုယ်သူ အလှဆုံးဖြစ်အောင် ပြင်ဆင်မွမ်းမံလေ့ရှိပါတယ်။ Mario Carvajal ကိုလံဘီယာ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Andres Hurtado Garcia ကတော့ “Caño Cristales ကမ္ဘာ့အလှဆုံး မြစ်ကြီးဖြစ်ပါတယ်။ သက်တန့်သေသွားတဲ့ နေရာလေးပေါ့။ အရောင်(၅)မျိုးစုံတဲ့ မြစ်၊ ကောင်းကင်ကနေ ကျလာတဲ့ မြစ်တစ်စင်းပါ။” လို့ ဆိုပါတယ်။ အံ့သြစရာ မှော်ဆန်တဲ့ Caño Cristales  ဟာ လွန်ခဲ့တဲ့ နှစ်ဘီလီယံ(၁.၂) သန်းတုန်းက ဖြစ်ထွန်းခဲ့တဲ့ Guiana Shield ကျောက်ဆောင်တန်းမှာ တည်ရှိပါတယ်။ ဗင်နီဇွဲလား၊ ဘရာဇီး နဲ့ ကိုလံဘီယာနိုင်ငံတိုရဲ့ အောက်ပိုင်းမှာ ရှိပါတယ်။ READလူတွေ မဖြစ်မနေ အသုံးပြုနေရတဲ့ ကမ္ဘာတစ်လွှားက အန္တရာယ်အရှိဆုံး လမ်းများMario Carvajal Caño Cristales က အခုလို ရောင်စုံကာလာနဲ့ ရှုမဆုံးဖြစ်နေရတဲ့ အကြောင်းရင်းကတော့ မြစ်ထဲက ပန်းပင် ပန်းပွင့်တွေကြောင့် ဖြစ်ပါတယ်။…

Read More Read More

တွေ့နေမြင်နေကျ ပစ္စည်းတွေကို အိုင်ဒီယာအလန်းတွေနဲ့ ဖန်တီးလိုက်တဲ့အခါ…

တွေ့နေမြင်နေကျ ပစ္စည်းတွေကို အိုင်ဒီယာအလန်းတွေနဲ့ ဖန်တီးလိုက်တဲ့အခါ…

Zawgyi Font ဖြင့်ဖတ်ရန် တီထွင်ဖန်တီးမှုတွေ အားလုံးဟာ အတွေးအကြံကနေ လာပါတယ်။ စိတ်ကူးထဲမှာ မဖြစ်နိုင်ဘူး ထင်ရပေမယ့် လုပ်ကိုင်ရင်းနဲ့ အကောင်အထည် ပေါ်လာတာမျိုးလည်း ရှိပါတယ်။ အောက်ဘက်မှာတော့ နေ့စဉ်သုံး ပစ္စည်းတွေကို သာမန်ထက်ပိုပြီး ထူးထူးခြားခြားလေး ဖြစ်သွားအောင် ဖန်တီးခဲ့ကြတဲ့ ဒီဇိုင်းအိုင်ဒီယာတွေကို တွေ့ရမှာဖြစ်ပါတယ်။ မီးထဲထည့်လိုက်ရင် မီးတောက်အရောင်ပြောင်းသွားတဲ့ ထင်းရှူးသီးများ © mzpes / Reddit © Amazon အတွင်းမှာ ပန်ကာတပ်ထားတဲ့ ဂျက်ကတ် © uzi1102 / Reddit ယုန်လေးတွေနဲ့ တူလွန်းတဲ့ အိတ်များ… © TateHarpy / Twitter တကယ်တမ်းလိုတာက ဒါပါပဲ.. © bernecady / Reddit တွေ့ဖူးသမျှထဲ ချစ်စရာအကောင်းဆုံး… © annypooh / Twitter သီးခြားရေချိုးကန်.. © unknown user/ imgur ဘယ်အချိန်ရှိပြီလဲ ပြတဲ့ ရေပန်း… © taberlasche / Reddit အစပ်လယ်ဗယ်ကို စိတ်ကြိုက်ညှိယူနိုင်တဲ့ ငရုတ်သီးဆော့စ် © my_mexican_cousin / Reddit ပန်းချီကားထဲက ရေချိုးကန် © splinterworks.co.uk တံခါးနှစ်ထပ်… ©…

Read More Read More

ဝေလငါးသေကြီးကို ကိုက်ဝါးနေခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဧရာမငါးမန်းဖြူကြီး

ဝေလငါးသေကြီးကို ကိုက်ဝါးနေခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဧရာမငါးမန်းဖြူကြီး

Zawgyi Font ဖြင့်ဖတ်ရန် အောက်မှာ တွေ့ရမယ့် ဓာတ်ပုံတွေကတော့ Deep Blue လို့အမည်ပေးတဲ့ ဧရာမငါးမန်းဖြူကြီးတစ်ကောင်ရဲ့ ပုံရိပ်တွေပါ။ Deep Blue ဟာ အသက်(၅၀) ကျော်ရှိပြီး အလေးချိန်(၂.၅) တန်ရှိကာ ပေ(၂၀) အရှည်ရှိပါတယ်။ သူ့ကို (၂၀၁၃) ခုနှစ်တုန်းက မက္ကစီကိုနိုင်ငံမှာ နောက်ဆုံးမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ Deep Blue နဲ့အတူ ဓာတ်ပုံရိုက်ခဲ့သူတွေထဲမှာတော့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ဓာတ်ပုံဆရာ ဂျူယမ်အိုလီဖန့်ဆိုသူပါ ပါဝင်ခဲ့ပါတယ်။ သူဟာ အဏ္ဏ၀ါဗေဒပညာရှင်တွေနဲ့အတူ ရေငုပ်ပြီး ငါးမန်းဖြူကြီးကို အခုလိုမှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ ဂျူယမ်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာတော့ အဏ္ဏ၀ါဗေဒပညာရှင် ရမ်းမ်ဆေးကို ကြီးမားလှတဲ့ အသားစားငါးမန်းဖြူကြီးနဲ့အတူ ယှဉ်တွဲရှိနေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ Largest-great-white-shark-Deep-Blue-spotted-Hawaii ဂျူယမ်က “ကမ္ဘာ့အကြီးဆုံး ငါးမန်းဖြူကြီး Deep Blue နဲ့ အခုလိုမျက်နှာချင်းဆိုင်ရှိခဲ့တာ မမေ့နိုင်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ပြန်တွေးမိတိုင်းလည်း ရင်တုန်နေတုန်းပဲ။ အဲဒီတုန်းက ကျွန်တော်တို့ တစ်နေ့လုံး Deep Blue နားမှာ အချိန်ဖြုန်းခဲ့ကြတယ်။ အခုလို ဓာတ်ပုံလေးတွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ လှုံ့ဆော်တာကို အကျိုးရှိစေမယ်လို့ မျှော်လင့်မိပါတယ်။ ဒီဓာတ်ပုံတွေကို ကြည့်ပြီး လူတွေက ရေအောက်အလှအပနဲ့ ငါးမန်းတွေရဲ့ အရေးပါပုံကို…

Read More Read More

(၁၉၀၄) ခုနှစ် ၀န်းကျင်က ဥရောပနိုင်ငံများရဲ့ အနေအထားကို ဖော်ပြတဲ့ ဓာတ်ပုံများ

(၁၉၀၄) ခုနှစ် ၀န်းကျင်က ဥရောပနိုင်ငံများရဲ့ အနေအထားကို ဖော်ပြတဲ့ ဓာတ်ပုံများ

Zawgyi Font ဖြင့်ဖတ်ရန် ရှေးတုန်းက ဓာတ်ပုံတွေကို မြင်တဲ့အခါမှာ အားလုံးက ဒီနေ့ခေတ်အရာတွေနဲ့ လုံးဝကြီးကို ခြားနားနေပြီး အဲ့ဒီ့ခေတ် အဲ့ဒီ့အခါတုန်းက ဘ၀အနေအထားတွေဟာ ဘယ်လိုများရှိမလဲ စိတ်ကူးကြည့်ရတာ သိပ်ခက်ခဲပါတယ်။ Bill Nelson ဆိုတဲ့ ရှေးဟောင်း ဓာတ်ပုံတွေကို စိတ်ဝင်စားသူတစ်ယောက်ဟာ Minnesota ပြည်နယ် Minneapolis မြို့က အိမ်အရောင်းပြပွဲတစ်ခုမှာ (၁၉၀၄) ခုနှစ်ဝန်းကျင်က ဥရောပတစ်ခွင်ရဲ့အနေအထားကို ပြတဲ့ ဖလင်ထုပ်တစ်ထုပ်ကို ရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး သူက ဒီ ဓာတ်ပုံတွေရဲ့ အကြောင်းကို တတ်နိုင်သမျှ လေ့လာရှာဖွေခဲ့တယ်။ Volendam, Netherlands နိုင်ငံက ကောင်ကလေး (၄) ယောက် Bill Nelson ရရှိခဲ့တဲ့ ဓာတ်ပုံတွေဟာ အရွယ်အစာ (၁၀) စင်တီ x (၁၂.၅) စင်တီ ပတ်လည်ရှိပြီး ဖလင်အလိပ်ကနေ ဖြတ်တောက်ထားတာတွေဖြစ်တယ်။ ဖလင်တွေဟာ ကျွတ်ဆတ်နေပြီး နိုက်ထရို ဆယ်လူလိုစ့်တွေများနေတယ်လို့ ယူဆရတဲ့အတွက် ရေခဲသေတ္တာထဲမှာ ထည့်သိမ့်ခဲ့တယ်။ နောက်ပြီး ဓာတ်ပုံတွေဟာ အထိမခံနိုင်အောင် ပျက်လွယ်ပြီး အရည်အသွေး အင်မတန် နိမ့်နေခဲ့အတွက် အကောင်းဆုံး ပုံထွက်ရဖို့ တော်တော်လေး အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။ READကော်ဖီသောက်သူများကို ခေါင်းဖြတ်ကွပ်မျက်ခဲ့တဲ့ ဆူလ်တန်ဘုရင်လက်ထက်က ဓလေ့ Bill…

Read More Read More

အမေရိကန်ပြည်နယ်အချို့မှာ ကျင့်သုံးနေသေးတဲ့ ထူးထူးခြားခြား ဥပဒေများ

အမေရိကန်ပြည်နယ်အချို့မှာ ကျင့်သုံးနေသေးတဲ့ ထူးထူးခြားခြား ဥပဒေများ

Zawgyi Font ဖြင့်ဖတ်ရန် အင်တာနက်ခေတ်မှာ ကြားရတဲ့သတင်းတွေက တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပါ။ ကိုယ့်နေရာဒေသနဲ့ ပတ်သက်တဲ့ သတင်းတွေအပြင် ကမ္ဘာတစ်ဝှမ်းက ထူးခြားဖြစ်ရပ်တွေ၊ နိုင်ငံအသီးသီးက ထူးဆန်းတဲ့ အကြောင်းအရာတွေကို သိရတာ ဗဟုသုတဖြစ်ဖွယ်ပါပဲ။ အခုအခါမှာတော့ အမေရိကန်နိုင်ငံမှာ ယနေ့ထက်တိုင်ရှိသေးတဲ့ ထူးထူးဆန်းဆန်း ဥပဒေတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ အလယ်ဘားမားပြည်နယ်မှာ ရေခဲမုန့်ခွက်ကို နောက်ဘက် ဘောင်းဘီအိတ်ထဲ ထည့်စားရင် ဖမ်းပါတယ် Ian dooley ကယ်လီဖိုးနီးယားမှာတော့ ရေကူးကန်ထဲမှာ စက်ဘီးစီးတာ တရားမ၀င်ပါဘူး Wikipedia မိန်းပြည်နယ်မှာ ဖုန်သုတ်တဲ့ ကြက်မွှေးတုတ်နဲ့ အမျိုးသမီးတွေရဲ့ မေးစေ့ကို ယားအောင်လုပ်လို့ မရပါဘူး Pixabay တန်နက်စီမှာတော့ ဟောင်းလောင်းဖြစ်နေတဲ့ သစ်လုံးတွေကို ရောင်းရင် ရဲအဖမ်းခံရမှာပါ Pixabay မီရှီဂန်မှာတော့ အိမ်ထောင်ရေး ဖောက်ပြန်ရင် ထောင်ဒဏ်ရော ငွေဒဏ်ပါ ပေးဆောင်ရမှာ ဖြစ်ပါတယ် Pablo Heimplatz နယူးဟမ့်ရှိုင်းယားမှာ ပင်လယ်ရေမှော်တွေကို ညဘက်မှာ သယ်လာတာတွေ့ရင် အဖမ်းခံရမှာပါ Pixabay အလယ်ဘားမားမှာ နှုတ်ခမ်းမွှေးအတုတပ်တာဟာ တရားမ၀င်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နှုတ်ခမ်းမွှေးတုနဲ့ ဘုရားကျောင်းတက်တဲ့အခါ ဘုရားဝတ်ပြုနေတဲ့လူတွေကို ရယ်အောင်လုပ်မိလို့ ဖြစ်ပါတယ်။ Flickr ဒါကိုတာ တောင်ပိုင်းမှာ ချိစ်စက်ရုံထဲ လှဲပြီး အနားယူမိရင်၊ အိပ်မိရင် အဖမ်းခံရမှာပါ Flickr တန်နက်စီမှာ ကိုယ့်ရဲ့ Netflix password ကို မိသားစုအပါအ၀င် ဘယ်သူမှ ပေးသိလို့ မရပါဘူး… သိသွားရင်…

Read More Read More

အနုပညာမြောက်တဲ့ အစားအသောက်တွေကို ရောင်းမယ့် ထူးထူးဆန်းဆန်း ဂျပန်ဆိုင်

အနုပညာမြောက်တဲ့ အစားအသောက်တွေကို ရောင်းမယ့် ထူးထူးဆန်းဆန်း ဂျပန်ဆိုင်

Zawgyi Font ဖြင့်ဖတ်ရန် ဒဏ္ဍာရီထဲက တန်ခိုးရှင်တွေ ဘာစားကြသလဲ သိချင်ရင် အောက်မှာ ဖော်ပြမယ့် အစားအစာတွေနဲ့ တူမယ်လို့တောင် စိတ်ကူးယဉ်မယ်ဆို ယဉ်ကြည့်နိုင်ပါတယ်။ အခုဖော်ပြမယ့် အကြောင်းအရာကတော့ အလင်းထွက်နေတဲ့ အစားအသောက်တွေကို ရောင်းချမယ့် ကမ္ဘာ့ပထမဆုံး စားသောက်ဆိုင် တစ်ဆိုင်အကြောင်းဖြစ်ပါတယ်။ နာကာမူရာ.ခဲ ဆိုတဲ့ ဂျပန်စားသောက်ဆိုင်ဟာ အမေရိကန် ဂျော်ဂျီယာပြည်နယ်က အတ္တလန်တာ မြို့မှာ အရင်ဆုံးပွဲဦးထွက် ရောင်းချခဲ့ပါတယ်။ ဂျပန် ဒီဇိုင်နာ အာမီ ဆူအဲခိက လွန်ခဲ့တဲ့ ၃ နှစ်တုန်းက စဖန်တီးခဲ့တဲ့ စားသောက်ဆိုင်ဖြစ်ပြီး အခုဆို အမေရိကန် နိုင်ငံတွင်း လှည့်လည်နေတာပါ။ By Zoo as Zoo (Courtesy of Dashboard) ထိုဆိုင်မှာ ရောင်းချတဲ့ အစားအသောက်တွေဟာ ဂျပန်ရိုးရာပုံပြင်တစ်ပုဒ်ကို အခြေခံထားတာဖြစ်ပါတယ်။ ပုံပြင်ထဲမှာ နာကာမူရာဆိုတဲ့ ဝိညာဉ်မိသားစုတစ်စုက အခြားဝိညာဉ်တွေအတွက် ခေါက်ဆွဲဆိုင်တစ်ဆိုင် ဖွင့်ထားတာပါ။ တစ်ညမှာတော့ ထိုမိသားစုက ကလေးတွေဟာ သူတို့မိဘတွေနဲ့ မုန်တိုင်းထဲမှာ ကွဲကွာသွားခဲ့ကြပါတယ်။ နှစ်များစွာ ကြာတဲ့အထိ မိဘတွေနဲ့ ပြန်မတွေ့ဘဲ သူတို့ရဲ့ ခေါက်ဆွဲဆိုင်ဆီ ပြန်ရောက်သွားခဲ့ကြပါတယ်။ ဆိုင်ထဲမှာလည်း အရောင်လင်းနေတဲ့ ခေါက်ဆွဲတွေနဲ့ လှုပ်ရမ်းနေတဲ့ မီးဖိုချောင်ပစ္စည်းတွေကို တွေ့ခဲ့ကြရပါတယ်။ သူတို့မိဘတွေရဲ့ ခေါက်ဆွဲလုပ်နည်းကို တစ်ယောက်ယောက်က ပြောပြနေသလိုလိုနဲ့ပါ။ READမျက်နှာလေး ချောမွေ့ဝင်းမွတ်စေမယ့် အလွယ်ဆုံး နည်းလမ်း(၅)မျိုးBy Zoo as Zoo (Courtesy…

Read More Read More