ချစ်သူဖြစ်သူ Kang Daniel ကိုသွယ်​၀ိုက်​ဆိုလိုတဲ့ ဓာတ်ပုံတင်လိုက်တဲ့ TWICE အဖွဲ့ဝင်​ Jihyo

ချစ်သူဖြစ်သူ Kang Daniel ကိုသွယ်​၀ိုက်​ဆိုလိုတဲ့ ဓာတ်ပုံတင်လိုက်တဲ့ TWICE အဖွဲ့ဝင်​ Jihyo

Wanna One အဖွဲ့ဝင်​​ဟောင်းဖြစ်​တဲ့ Kang Daniel နဲ့ TWICE အဖွဲ့ဝင်​ Jihyo တို့ဟာ မကြာ​သေးခင်​မှာတင်​ သူတို့ရဲ့ဆက်​ဆံ​ရေးကိုပရိသတ်​​တွေဆီတရားဝင်​ချပြခဲ့တာကို​တော့ ပရိသတ်​​တွေသိပြီးသားဖြစ်​မှာပါ။သူတို့နှစ်​ဦးဟာ ချစ်​ဖို့​ကောင်းစွာလိုက်​ဖက်​ညီတာ​ကြောင့်​ ပရိသတ်​​တွေရဲ့နှစ်​သက်​အား​ပေးမှုကိုရရှိ​နေတဲ့ စုံတွဲဆိုရင်​လည်းမမှားပါဘူး။

Jihyo ရဲ့ အင်​စတာဂရမ်​ကပို့စ်​တစ်​ခုက​တော့ လတ်​တ​လောမှာ ပရိသတ်​​တွေကြား Jihyo ဟာ ရည်းစားဖြစ်​သူ Daniel ကိုရည်​ရွယ်​​နေတယ်​လို့ ထင်​​ကြေး​ပေးခံ​နေရတာလည်းဖြစ်​ပါတယ်​။ဒါက​တော့ မက်မွန်သီး​​ပုံပါတဲ့ Selfie ဓာတ်ပုံကိုရိုက်​ကာ အင်​စတာဂရမ်​မှာတင်​ခဲ့လို့ပဲဖြစ်​ပါတယ်​။

မက်​မွန်​သီး​လေးဆိုတာက​တော့ Produce 101 Season 2 ကတည်းကစလို့ ပရိသတ်​​တွေက Daniel ကိုချစ်​စနိုးနဲ့​ခေါ်ခဲ့ပြီး လူသိများတဲ့နာမည်​​ပြောင်​တစ်​ခုပါပဲ။ဒါ​ပေမယ့်​ အချို့ပရိသတ်​​တွေက​တော့ ​ဒါဟာသက်​သက်​ပုံကြီးချဲ့​ပြောခြင်းသက်​သက်​သာဖြစ်​​တယ်​လို့ မှတ်​ချက်​ချ​နေကြပါတယ်​။တောင်​ကိုရီးယားမှာ မက်​မွန်​သီးလို့တင်​စားခံရတာ Daniel တစ်​​ယောက်​တည်းမဟုတ်​ဘဲ ဒီမက်​မွန်​သီးပုံ Filter ဟာ လူအများအပြားအသုံးပြု​နေတာပဲဖြစ်​တဲ့အတွက်​ ဒီ​လောက်​ပို့စ်​​လေးတစ်​ခုအတွက်​​တော့ Lovestagram ဖြစ်​​နေပြီ​ပြောလို့မရ​ကြောင်း ထင်​မြင်​ချက်​​ပေး​နေကြတာပဲဖြစ်​ပါတယ်​။

သို့​ပေမယ့်​လည်း သူတို့နှစ်​ဦးကိုချစ်​ခင်​တဲ့ပရိသတ်​​တွေက​တော့ Jihyo ဟာ Daniel ကိုတမင်​အချက်​ပြ​ကြောင်း ယုံကြည်​ဆဲပဲဖြစ်​ပါတယ်​။ဒီလိုပရိသတ်​​တွေက​တော့ သူတို့နှစ်​ဦးဟာတွဲ​ခုတ်​​နေကြတဲ့အပြင်​ Daniel နဲ့နာမည်​​ပြောင်​ကို Jihyo ကလည်းသိတာ​ကြောင့်​ ​ဒါဟာတမင်​ Daniel ကိုကိုယ်​စားပြုပြီးတင်​တယ်​လို့ အခိုင်​အမာ​ပြော​နေကြတာပဲဖြစ်​ပါတယ်​။

နှစ်​ဖက်​လုံးက​တော့ ကိုယ့်​အထင်​နဲ့ကိုယ်​မှန်​​နေကြတာပါပဲ​နော်​။ ပရိသတ်​ကြီး​ရော ဘယ်​လိုထင်​မြင်​မိကြပါသလဲ…? winkie Ref:Koreaboo

Leave a Reply

Your email address will not be published.