လှပလွန်းတယ်လို့ နာမည်ကြီးတဲ့ မွေးနေ့မွေးရက်တူ ထိပ်တန်း ကိုရီးယားအနုပညာရှင် (၃) ယောက်

လှပလွန်းတယ်လို့ နာမည်ကြီးတဲ့ မွေးနေ့မွေးရက်တူ ထိပ်တန်း ကိုရီးယားအနုပညာရှင် (၃) ယောက်

မတ်လ (၂၉) ရက်နေ့ဟာ Kpop လောကအတွက်တော့ ပုံမှန်နေ့တစ်နေ့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီနေ့ရက်မှာ လှပလွန်းတဲ့ နာမည်ကျော် Kpop အနုပညာရှင်တွေ မွေးဖွားခဲ့လို့ပါပဲ။ ဒါကြောင့် မတ်လ (၂၉) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ နာမည်ကျော်ကိုရီးယားထိပ်တန်းအနုပညာရှင် (၃) ယောက်ကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။ ဘယ်သူတွေလဲဆိုတာ လိုက်ပါစီးမျော ခံစားကြည့်ကြပါဦး။

1. Red Velvet’s Irene Red Velvet အဖွဲ့ခေါင်းဆောင် Irene ဟာ ပြီးခဲ့တဲ့ မတ်လ (၂၉) ရက်နေ့က အသက် (၂၈) နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ်။ Irene ဟာ လှပလွန်းတဲ့နေရာမှာ နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေသာ မက တခြားနာမည်ကျော် Idol တွေပါ သူမရဲ့အလှမှာ နစ်မြှုပ်သွားရစမြဲပါပဲ။

2. Kim Tae Hee မတ်လ (၂၉) ရက်နေ့မှာပဲ မွေးဖွားတဲ့ နောက်ထပ် ထိပ်တန်းအနုပညာရှင်ကတော့ Kim Tae Hee ပါ။ Kim Tae Hee ဟာ အသက် (၃၉)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် သူမရဲ့ပုံစံက အသက် (၂၅)နှစ်ကျော်သွားပြီလို့တောင် ထင်မှတ်စရာမရှိပါဘူးနော်။

3. Sulli Sulli ကလည်း မတ်လ (၂၉) ရက်နေ့မှာ မွေးဖွားသူတစ်ယောက်ပါ။ အဆိုတော်နဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Sulli ဟာ သူမရဲ့ချစ်စရာကောင်းလှတဲ့ပုံစံကြောင့်ရော၊ ဆွဲဆောင်မှုပြင်းတဲ့ အလှတရားတွေကြောင့်ပါ နာမည်ကြီးသူ ဖြစ်ပါတယ်။ Ref : Koreaboo Mia (Momolay)

Leave a Reply

Your email address will not be published.