ရွှေအိမ်​စည်​ အဖမ်းခံရတယ်​ဆိုတဲ့ သတင်းကို သူမကိုယ်​တိုင်​ ပြန်​​ဖြေရှင်း

ရွှေအိမ်​စည်​ အဖမ်းခံရတယ်​ဆိုတဲ့ သတင်းကို သူမကိုယ်​တိုင်​ ပြန်​​ဖြေရှင်း

ညှို့အားပြင်းလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ဘိုဆန်ဆန် မျက်နှာကျလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေကြတဲ့ အလှမယ် ရွှေအိမ်စည်ကတော့ အသက်အရွယ်နဲ့မလိုက်အောင် အောင်မြင်မှုတွေ ရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေအိမ်စည်က သူမအဖမ်းခံရတယ်​လို့ သတင်း​တွေထွက်​​နေတဲ့အ​ပေါ် ပြန်​​ဖြေရှင်းလိုက်​တာ ​တွေ့ရပါတယ်​။ အရာရာကို တည်​တည်​ငြိမ်​ငြိမ်​ပဲ ​ဖြေရှင်းတတ်​တဲ့ အိမ်​စည်​က​တော့ အခုသတင်း​တွေကိုလည်း လူမှုကွန်​ယက်​မှာ ​အေး​ဆေးတည်​ငြိမ်​စွာ ​ဖြေရှင်းလိုက်​တာပါ​နော်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ သူမ အဖမ်းခံရတယ်​ဆိုတဲ့ သတင်းကို ပြန်​​ဖြေရှင်းလိုက်​တဲ့ ​ရွှေအိမ်​စည်​ရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ ​ရွှေအိမ်​စည်​က​တော့ “ဘယ်သူကဘယ်လိုနှောက်ချလိုက်လဲမသိဘူး​ရွှေအိမ်စည် အဖမ်းခံရတယ်ဆိုပီး အိမ်မှာ နေမကောင်းလို့ အေးအေး အနားယူနေပါတယ်😌ကျမရဲ့ သာယာနေတဲ့ ဘဝကြီးကိုမဖြတ်ဆီးကြပါနဲ့🤓🤓” ဆိုပြီး သတင်းမှား​တွေကို ​ဖြေရှင်းထားတာပါ။

ချစ်တင်းနှောခန်းတွေကို လူစားမထိုးပဲကိုယ်တိုင်သရုပ်ဆောင်ခဲ့ကြတဲ့ ကိုရီးယားမင်းသမီးများ

ရွှေအိမ်စည်ကတော့ လက်​ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်သွားဖို့ရှိတယ်လို့သိရပြီး၊ ရုပ်ရှင်တွေလည်း ဆက်တိုက်ရိုက်ကူးဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရာရာကို ပွင့်ပွင့်လင်းလင်းနဲ့ ပြတ်ပြတ်သားသား ​ဖြေရှင်းတတ်တဲ့ အိမ်စည်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။ Myint Myat Source;Shwe Eain Si”s Facebook

Leave a Reply

Your email address will not be published.