လိပ်ပြာလေးလို လှရက်လွန်းနေတဲ့ ပန်းရောင်ခြယ်ရဲ့ပွဲတက်ပုံရိပ်တွေ

လိပ်ပြာလေးလို လှရက်လွန်းနေတဲ့ ပန်းရောင်ခြယ်ရဲ့ပွဲတက်ပုံရိပ်တွေ

ပရိသတ်တွေ အရမ်းချစ်ကြတဲ့ အဆိုတော်ကြီး ဂရေဟမ်ရဲ့ သမီးချောလေး ပန်းရောင်ခြယ် ကတော့ အများနဲ့မတူတဲ့ ဆံနွယ်​ရှည်​ကြီး​တွေကို ပိုင်​ဆိုင်​ထားပြီး ကျက်​သ​ရေရှိတဲ့ မဟာဆန်​ဆန်​အလှတရားကို ပိုင်​ဆိုင်​ထားတာပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ပန်း​ရောင်​လေးက “လိပ်ပြာ” Season 1 – အမှန်တရားရဲ့ ဓါးတစ်လက် premiere screening event ကို အရုပ်​မ​လေးလို ချစ်​စရာ​ကောင်းတဲ့ ပွဲတက်​ဝတ်​စုံ​လေးနဲ့ အလှဆုံး တက်​ရောက်​ခဲ့တာပါ။ ဆံပင်ေ လး​တွေကို ကဗျာဆန်​ဆန်​လေး ထုံးဖွဲ့ပြီး လှချင်​တိုင်းလှ​နေတဲ့ ပန်း​ရောင်​ရဲ့ပုံ ရိပ် ​လေး ​တွေက အရမ်းကို ချစ်​ဖို့​ကောင်း​နေတာပါ​နော်​။

မိုမို​လေးချစ်​ပရိသတ်​တွေအတွက် ​ရင်​ခုန်​စရာ​ကောင်း​လောက်​အောင်​လှရက်​လွန်းတဲ့ အလှပိုင်​ရှင်​လေး ပန်း​ရောင်​ခြယ်​ရဲ့ပုံရိပ်​လေးေ တွ ကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

ပန်းရောင်လေးကတော့ “”လိပ်ပြာ” Season 1 – အမှန်တရားရဲ့ ဓါးတစ်လက် premiere screening event 🦋 ​အောက်တိုဘာ ၁၇ က စပြီး အပတ်စဉ် ကြာသပ​တေး​နေ့ ည ၈ နာရီ CANAL+ Zat Lenn channel မှာ ​စောင့်ကြည့်လို့ရပါတယ် 🦋” ဆိုပြီး သူမရဲ့ ပွဲတက်အလှပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

ပန်းရောင်ခြယ်ကတော့ ဖခင်နဲ့တူလို့ အဆိုဝါသနာပါသူတစ်ဉီးဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ပါရမီပါသူတစ်ဉီးပါ။

သမီးကို အစစအရာရာ အားဖြည့်ပေးတဲ့ အဖေဖြစ်သူ ဂရေဟမ်

ပန်း​ရောင်​ခြယ်​က​တော့ လတ်​တ​လောမှာ သီချင်း​တွေဆက်​တိုက်​ပြုလုပ်​ဖြစ်​နေပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတာပါ။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း အရုပ်​မ​လေးလို လှတဲ့ ပန်း​ရောင်​လေးကိုချစ်​ရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Pann Yaung Chel’s Facebook
Photo:Phonn Photography


Leave a Reply

Your email address will not be published. Required fields are marked *