အနုပညာမောင်နှမတွေရဲ့ပပဝတီစီရင်ခန်းကို သွားရောက်အားပေးခဲ့တဲ့ နန်းဆုရတီစိုး

အနုပညာမောင်နှမတွေရဲ့ပပဝတီစီရင်ခန်းကို သွားရောက်အားပေးခဲ့တဲ့ နန်းဆုရတီစိုး

နှစ်ပေါင်းအတော်ကြာအောင် အနုပညာလောကထဲမှာ နာမည်တစ်ခုနဲ့ ရပ်တည်နေတဲ့ အဆိုေ တာ် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ အသွင်အပြင်ေ ကြာင့်ရော၊ သူမရဲ့အနုပညာကြောင့်ပါ ချစ်ကြတဲ့ ပရိသတ်တွေ တစ်နေ့တစ်ခြား ပိုပိုပြီး တိုးလာ တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နန်းဆုက ခင်မင်ရတဲ့အနုပညာမောင်နှမေ တွရဲ့ ပပဝတီစီရင်ခန်းကို သွားရောက်အားပေးရင်း အမိုက်စားဓါတ်ဖမ်းခဲ့တဲ့ သူ့ရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက် ညီတဲ့ နန်းဆုကတော့ အရမ်းကို လှနေတာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် မန္တလေးမြို့ရဲ့အထင်ကရနေရာတွေမှာ အမိုက်စားပုံရိပ်တွေ ဖမ်းယူခဲ့တဲ့ နန်းဆုရတီစိုးရဲ့အလန်းစားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နန်းဆုကတော့ ‘ပပဝတီစီရင်ခန်းကိုသွားရောက်အားပေးကြတဲ့ ပပဝတီညီအမများ❤️😍😜 အရမ်းကောင်းတဲ့ကားလေးပါ ပရိသတ် အကြိုက်ဖြစ်မှာသေချာတယ်👍အောင်မြင်မှုအ ကြီးရ ရှိပါစေ🙏🙏🙏Congratulations မီးမီးရွှေခြူး production & ကိုဝိုင်း မမိုး ဖွေး ကိုထွန်း အလင်းရောင် နဲ့ ပပဝတီ အဖွဲ့သားများ🎊🎉👍ပပဝတီစီရင်ခန်း” ဆိုပြီး အရမ်းလှနေတဲ့ သူမရဲ့ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

“ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ အခုလ (၁၀) ရက်နေ့မှာ ရုံတင်ပြသနေပြီဖြစ်ပြီး၊ အလင်းရောင်၊ ထွန်းထွန်း၊ မိုးဟေကို၊ ဖွေးဖွေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

အရမ်းခင်မင်ကြတဲ့ အနုပညာရှင်တွေ…။

ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့အလှကို ပိုင်ဆိုင်ထားတဲ့ မမမိုးနဲ့ နန်းဆု…။

လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတဲ့ နန်းဆုရတီစိုးကတော့ မကြာခင်မှာ ပရိသတ်တွေအတွက် အလွမ်းအဆွေးသီချင်းတစ်ပုဒ် ချပြသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။ နန်းဆုသီဆိုထားတဲ့ သီချင်းတိုင်းလိုလိုကလည်း အရမ်းပေါက်တာကြောင့် ပရိသတ်တွေက သူမရဲ့သီချင်းအသစ်ကို အရမ်းစိတ်ဝင်စားနေကြတာပါ။ မိုမိုလေးချစ်ပရိ သတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ နန်းဆုရဲ့ပုံရိပ်လေးတွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Nansu Yati Soe’s Facebook
Photo;Nay Min Tun


Leave a Reply

Your email address will not be published. Required fields are marked *