

Zawgyi Font ဖြင့်ဖတ်ရန်












TweetShare0 Shares

Unicode Font ဖြင့်ဖတ်ရန်

စွမ်းဇာနည်နှင့် စွမ်းဇာတ်အဖွဲ့အတွက်အထူးသတိပေးချက်

အမရပူရမြို့ နန်တော်ရာစံပြကွက်သစ် ငါးဆယ်တစ်ကြိမ်‌မြောက် ပွဲတော်မှာ စွမ်းသဘင် ကို ငှားခဲ့ပါတယ် စံရန်ကိုလဲ တောင်းတဲ့ သိန်း( 50 ) ချပေးခဲ့ပါတယ် ပွဲတော် သုံးရက် ငှားရမ်းခဲ့ရာမှာ ကြားရက် ပွဲကူးရက် မရှိသဖြင့် ထက်တိုးဖို့ ပြောဆိုတဲ့ အခါမှာ

နောက်တစ်ရက် ထက်တိုးပေးခဲ့ပါတယ် စုစုပေါင်း စွမ်းသဘင်ကို လေးရက်တိတိ ငှားရမ်းခဲ့ပါတယ် ပထမ ပွဲရက်မှာပဲ စွမ်းသဘင်မှ အဖွဲ့သားအားလုံး ရောက်ရှိပေမဲ့ စွမ်းဇာနည် မရောက်ခဲ့ပါဘူး။အဲ့ အတွက် ပွဲတော်ကို ကျွန်တော်တို့ ပွဲကော်မတီမှ နားလည်မှုရှိစွာဖြင့် တစ်ရက် နောက်ဆုတ်ပေးခဲ့ပါတယ် ဒုတိယ ရက်နေ့မှာလဲ နေ့လည် 12:00 ထိ စွမ်းဇာနည် ရောက်မလာခဲ့လို့ စွမ်းသဘင် မှ

တာဝန်ရှိသူဖြင့်တဲ့ စွမ်းဇာနည်း ရဲ့ အဒေါ်နဲ့ အစ်မကို ဖုန်းဆက် မေးခိုင်းခဲ့ပါတယ်။ နေကောင်းဘူး ပြောဆိုပါတယ် ။ဒါနဲ့ ကျွန်တော်တို့ ပွဲတော်ကော်မတီ မှ ဒုတိယတခါ နားလည်မှုရှိစွာဖြင့်စွမ်းဇာနည် မင်းနေမကောင်းဖစ်နေရင်လဲ လူလေပဲ စင်ပေါ်တတ်ပီ ပရိသတ်ကို မျက်နှာလေးပဲ လာပြပြီး မင်းနားနေပေါ့လို့ လေယာဉ်လက်မှတ်လဲ အသင့်လုပ်ပေးမယ် ပြောဆိုခဲ့ပါတယ်။

ဒီလိုနဲ့ ညနေပိုင်းထိ မရောက်လာတော့ စွမ်းသဘင်က တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ ပွဲကော်မတီ ထက်တွေ့ပါတယ် ညကြရင် မဖြစ်မနေ ပွဲစရတော့မယ် အခုထိ စွမ်းဇာနည် မရောက်လာသေးပါလား။ဖုန်းပြန်ဆက်ကြည့်ပါပေါ့ ကျွန်တော်တို့ ဆက်တာ မကိုင်လို့ပေါ့ ဒီလိုနဲ့ သူရဲ့ အဒေါ်နဲ့ အစ်မကို ဖုန်းခေါ်ခိုင်းတယ်။ ဖုန်းမကိုင်တော့ ကျွန်တော်တို့ ပွဲကော်မတီမှ သည်းခံနိုင်တဲ့ အတိုင်းတာ ကုန်ဆုံးသွားပါပြီဗျာ။

အဲ့တော့ စွမ်းဇာနည်ကိုပြောလိုက်ပါ ဒီညမှ အရောက်မလာရင် ပွဲကော်မတီမှ လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်လို့ ပြောလိုက်ပါ။ အဲ့မှာ စွမ်းဇာနည်ရဲ့ အစ်မ နဲ့ အဒေါ်က ဖုန်းတွေမရမကခေါ်ပြီး စွမ်းဇာနည်ထံကို ဖုန်းဆက်ပါတယ်။ ဒီညမှ နင်မလာရင် ငါ့တို့ဇာတ်ဖွဲ့တစ်ခုလုံး ပြဿနာတတ်ပြီး‌လို့ ပြောတဲ့အခါမှာ စွမ်းဇာနည်ထံမှ သေသေသက်သက်လို့ ပြန်ပြောခဲ့ပါတယ်။

အဲ့အချိန်ကစပြီး ကျွန်တော်တို့ ပွဲကော်မတီ မှ ဇာတ်အဖွဲ့သားအားလုံးကိုယ ပြဿနာကြားထဲ မရောက်အောင် ရက်ကွက်သူ ရက်ကွက်သားတွေနဲ့ ပြဿနာမဖြစ်အောင် ဇာတ်အဖွဲ့သားတွေ အားလုံး လူတွေကြည့်ပဲ အပြင်ကို အကုန်ပေးပါ လုံခြုံအပ်ညြ့်ပေးပါမယ်။

ဒါပေးမဲ့ စက်ပစ္စည်းများနဲ့ ကား ၅ စီးကို ထိန်သိမ်းခဲ့ပါတယ်။ ဇာတ်အဖွဲ့သားတွေကို ပြဿနာ မဖစ်ရအောင်လို့ မှန်လုံကားတစ်စီးကိုတော့ မင်းသားငယ် မင်းသမီးများကို ဇာတ်အဖွဲ့သားတွေကို တင်ပေးပြီး အမရပူရမြို့နယ်နဲ့ ဝေးတဲ့ နေရာသာ သွားပါလို့ ပြောဆိုပီ နားလည်မှုရှိစွာဖြင့် ဇာတ်အဖွဲ့သားတွေကို လွှတ်ပေးခဲ့ပြီး စက်ပစ္စည်းအားလုံးနဲ့ ကားလေးစီးကိုတော် ပွဲတော်ကော်မတီမှ ထိန်သိမ်းထားပါတယ်။

နစ်နာကြေးအဖြင့် သိန်း ( 500 ကျပ်တိတိကို )ပေးတာနဲ့ စက် ပစ္စည်းများနဲ့ ကားလေးစီးကို ပြန်ပေးပါမည်။ မနက်ဖြန် မှ စ၍ ( ၁၄ ရက် အချိန်ပေးသွားပါမည် )။ ၁၄ ရက်ကျော်ခဲ့ပါက စက်ပစ္စည်းများနဲ့ ကားလေးစီးကို လုံးဝတာဝန်မယူကြောင်းကို

ပွဲတော်‌ဖြစ်မြောက်ရေး ကော်မတီမှ အထူးသတိပေးကြေညာအပ်ပါကြောင်။း အနုပညာရှင်တစ်ဦးသည် ပရိတ်သတ်ကို လေးစားမှုရှိရမည် မိမိလုပ်ရမဲ့ အလုပ်ကို တန်ဖိုးထားရမည်။ မလုပ်နိုင်လျှင် အစောထဲက လက်မခံပါနဲ့။

ပရိတ်သတ်ကို စော်ကားအထင်‌သေးခြင်းသည် အနုပညာရှင် တစ်ဦးရဲ့ အဆုံးသပ် နေဝင်ချိန် တစ်ခုဖြစ်တည်လာနိုင်ပါသည်။ ညနေ 4:00 မှာ ရှေ့နေများနဲ့ အတူ သဘင်အစည်းအရုံးနှင့် ပွဲတော်ကော်မတီ မှ စာချူပ် ချူပ်ဆိုသွားမှာ ဖြစ်ကြောင်း သတိပေးပါသည်။ လုံးဝ ခွင့်မလွှတ်နိုင်ပါ။

TweetShare0 Shares


Leave a Reply

Your email address will not be published. Required fields are marked *