ကိုယ်ဝန်ဆောင်စဉ် ငါးစားကြပါ

ကိုယ်ဝန်ဆောင်စဉ် ငါးစားကြပါ

ကိုယ်ဝန်ဆောင်စဉ် ငါးစားကြပါ
=====================

ကလေးဥာဏ်ကောင်းအောင် နေ့စေ့လစေ့အလေးချိန်ပြည့်လေး မွေးဖွားရအောင် ကိုယ်ဝန်ဆောင်ချိန်မှာ အသားထက် ငါးကို ပိုစားကြဖို့ တိုက်တွန်းလာကြတာ ဆယ်စုနှစ်သုံးခုမကတော့ပါ။
ဒီပြင် ဂျပန်မှာ လေ့လာသုတေသနပြုချက်အရ ကိုယ်ဝန် ဆောင်ဘဝမှာ ငါးများများစားပါက ကလေးမီးဖွားပြီးရင် ကြုံရလေ့ရှိတဲ့ စိတ်ကျန်းမာရေးပြဿနာများကို ကောင်းမွန်စွာ ကျော်လွှား ဖြတ်သန်း သွားနိုင်ကြောင်း တွေ့လာရလို့ပါ။
ဂျပန်နိုင်ငံတွင် ဂျပန်ပတ်ဝန်းကျင်နှင့် ကလေးများ လေ့လာ သု တေသနအတွက် လေ့လာစောင့် ကြည့်ခဲ့ရာတွင် ကိုယ်ဝန်ဆောင် ဂျပန်အမျိုးသမီးပေါင်း ၈၄၀ဝ၀ဝ ကျော်၏ ကလေးမွေးပြီး ၆ လနှင့် ၁၂လအတွင်း စိတ်အခြေအနေ ရလဒ်များမှာ ကိုယ်ဝန်ဆောင်နေချိန် ပထမ ၂လ၊ ဒုတိယ ၃လနဲ့ မွေးကာနီး တတိယ ၃လအတွင်း ငါး အထူးသဖြင့် ပင်လယ်ငါး စားသုံးမှုအခြေအနေများ မေးမြန်းကာ စစ်တမ်း ကောက်စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။
ပင်လယ်ငါးစားသုံးမှုများတဲ့ ကိုယ်ဝန်ဆောင်အမျီုးသမီးတွေမှာ စိတ်ကျရောဂါပြဿနာဟာ ကလေးမွေးပြီးနောက် အနည်းဆုံး ဖြစ်ကြောင်းတွေ့ရလို့ အမျိုးသမီးတွေအနေဖြင့် အဆီထူပင်လယ်ငါး တစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ် ခန့် စားသင့်တယ်လို့ ဆိုပါတယ်။
Ref : NEJM

(Zawgyi)

=====================

Ref : NEJM


Leave a Reply

Your email address will not be published. Required fields are marked *