ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ပို့သရုပ်ဆောင် ကစ်ကစ် ကွယ်လွန်အနိစ္စရောက်

ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ပို့သရုပ်ဆောင် ကစ်ကစ် ကွယ်လွန်အနိစ္စရောက်

သရုပ်ဆောင် ကစ်ကစ်ဟာဆိုရင် အနုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ရသူ တစ်ဦးဖြစ်ပြီး အနုပညာအပေါ်မှာ အရမ်းကိုတန်ဖိုးထား လေးစားချစ်မြတ်နိုးလွန်းတဲ့ သူလေးတစ်ယောက်ပါ။ အနုပညာအပေါ်ချစ်ခင်တဲ့ သူမကတော့ ယခုလိုနေထိုင်မကောင်းဖြစ်ပြီး စိတ်သွားတိုင်းကိုယ်မပါဖြစ်နေရတဲ့ အချိန်မှာတောင် နေကောင်းလာတာနဲ့ အနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်ဖို့ တဖွဖွပြောဆိုခဲ့တဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ လက်တလောမှာတော့ ကစ်ကစ်က ကျန်းမာရေးအခြေအနေ ယေမကောင်းတာကြောင့် ဆေးရုံတက်နေရတာ ဖြစ်ပါတယ်။

စိတ်မကောင်းစရာသတင်းကတော့ ကစ်ကစ်တစ်ယောက် ဒီကနေ့ မေလ(၂၃) ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်အချိန်မှာ ကွယ်လွန်အနိစ္စရောက်သွားပြီပဲ ဖြစ်ပါတယ်၊

ကစ်ကစ်က ကျောက်ကပ်ရောဂါကို အပြင်းအထန် ခံစားနေရပြီး ကာလအတော်ကြာ ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်၊သူမကွယ်လွန်သွားချိန်မှာတော့ သမီးလေးတစ်ယောက်တည်းသာ ကျန်ခဲ့တာဖြစ်ပါတယ်။

ကစ်ကစ် အခုလို ကွယ်လွန်သွားတာကတော့ အနုပညာလောကအတွက် ကြယ်တစ်ပွင့် ဆုံးရှုံးသွားတာပါပဲ။ ပရိငတ်ကြီးလည်း ကစ်ကစ်တစ်ယောက် ကောင်းရာဘုံဘဝရောက်ရှိဖို့ ဆုတောင်းပေးကြပါဦးနော်။ Rowena

Leave a Reply

Your email address will not be published.