မန်ယူအသင်း တန်းဆင်းရနိုင်တယ်လို့ ဆမ်အလာဒိုက်စ် သတိပေ

မန်ယူအသင်း တန်းဆင်းရနိုင်တယ်လို့ ဆမ်အလာဒိုက်စ် သတိပေ

(Unicode)

မန်ယူနည်းပြ ဆိုးလ်ရှားက အသင်းရဲ့ရလဒ်ဆိုးတွေကို အချိန်တိုအတွင်း အလှည့်အပြောင်းမလုပ်နိုင်ရင် မန်ယူအသင်း တန်းဆင်းရနိုင်တယ်လို့ ဘော်တန်နည်းပြဟောင်း ဆမ်အလာဒိုက်စ်က သတိပေးခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ဘယ်သူမှ မမျှော်လင့်ထားတဲ့ အခြေအနေနဲ့ မန်ယူအသင်း တန်းဆင်းခဲ့ရဖူးတာကို ဆမ်အလာဒိုက်စ်က ထောက်ပြခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ နှစ် ၃၀ အတွင်း အဆိုးရွားဆုံး ရာသီစတင်မှု ကြုံတွေ့နေပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်(၈)ပွဲ ကစားရာမှာ (၉)မှတ်ပဲ ရသေးလို့ အဆင့်(၁၂)နေရာမှာ ရပ်တည်နေပါတယ်။ မန်ယူဟာ အဆင့်(၁၈)နေရာက အဲဗာတန်အသင်းနဲ့(၂)မှတ်ပဲ ကွာဟပါတယ်။

”ယုံကြည်မှုပျောက်ဆုံးပြီး ဒဏ်ရာပြဿနာတွေ ဆက်ကြုံနေမယ်ဆိုရင် သူတို့အသင်း ဒုက္ခတွင်းနက်ထဲ သက်ဆင်းရနိုင်ပါတယ်။ ဒါက ဖြစ်နိုင်ခြေမရှိတဲ့ကိစ္စမဟုတ်ပါဘူး။ မန်ယူအသင်း ရလဒ်ကောင်းနေချိန်မှာ ကစားသမားတွေက တတ်နိုင်သလောက် အချိန်တိုအတွင်း ကြံ့ခိုင်လာအောင် မလုပ်ခဲ့ကြပါဘူး။ ပေါ့ဘာ အသင်းပြောင်းချင်တဲ့ကိစ္စကလည်းနှောင့်ယှက်နေပါတယ်။ နောက်ထပ် ဘယ်ကစားသမားကများ ”မန်ယူအသင်း လမ်းကြောင်းမှားနေပြီ။ ကျွန်တော်လည်း အသင်းကထွက်ချင်တယ်”လို့ ထပ်ပြောဦးမလဲ။ မန်ယူအသင်းက ဂိုးသိပ်မသွင်းနိုင်ဘူး။ ဂိုးရဖို့ ရုန်းကန်နေရတယ်။ အမှတ်ပေးဇယားအောက်ခြေမှာ ရုန်းကန်ရတဲ့ အခြေအနေမဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူတို့က အမှတ်ပေးဇယားအောက်ခြေကို ဦးတည်နေတာ သေချာတယ်”လို့ ဆမ်အလာဒိုက်စ်က ပြောပါတယ်။ ဆမ်အလာဒိုက်စ်ဟာ ဘော်တန်၊ နယူးကာဆယ်၊ အင်္ဂလန်အသင်းတွေကို နည်းပြခဲ့ဖူးသူပါ။ မန်ယူဟာ ရာသီအဖွင့်ပွဲစဉ်မှာ ချဲလ်ဆီးကို (၄)ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက်ပိုင်း နိုင်ပွဲတစ်ပွဲပဲရခဲ့ပြီး ပွဲစဉ်(၁၀)မှာ တစ်ဂိုးထက် ပိုသွင်းနိုင်တဲ့ပွဲ မရှိခဲ့ပါဘူး။

(Zawgyi)

မန္ယူနည္းျပ ဆိုးလ္ရွားက အသင္းရဲ႕ရလဒ္ဆိုးေတြကို အခ်ိန္တိုအတြင္း အလွည့္အေျပာင္းမလုပ္နိုင္ရင္ မန္ယူအသင္း တန္းဆင္းရနိုင္တယ္လို႔ ေဘာ္တန္နည္းျပေဟာင္း ဆမ္အလာဒိုက္စ္က သတိေပးခဲ့ပါတယ္။ ၁၉၇၄ ခုႏွစ္မွာ ဘယ္သူမွ မေမွ်ာ္လင့္ထားတဲ့ အေျခအေနနဲ႕ မန္ယူအသင္း တန္းဆင္းခဲ့ရဖူးတာကို ဆမ္အလာဒိုက္စ္က ေထာက္ျပခဲ့ပါတယ္။ နည္းျပဆိုးလ္ရွားရဲ႕ မန္ယူအသင္းဟာ ႏွစ္ ၃၀ အတြင္း အဆိုး႐ြားဆုံး ရာသီစတင္မႈ ႀကဳံေတြ႕ေနၿပီး ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္(၈)ပြဲ ကစားရာမွာ (၉)မွတ္ပဲ ရေသးလို႔ အဆင့္(၁၂)ေနရာမွာ ရပ္တည္ေနပါတယ္။ မန္ယူဟာ အဆင့္(၁၈)ေနရာက အဲဗာတန္အသင္းနဲ႕(၂)မွတ္ပဲ ကြာဟပါတယ္။

”ယုံၾကည္မႈေပ်ာက္ဆုံးၿပီး ဒဏ္ရာျပႆနာေတြ ဆက္ႀကဳံေနမယ္ဆိုရင္ သူတို႔အသင္း ဒုကၡတြင္းနက္ထဲ သက္ဆင္းရနိုင္ပါတယ္။ ဒါက ျဖစ္နိုင္ေျခမရွိတဲ့ကိစၥမဟုတ္ပါဘူး။ မန္ယူအသင္း ရလဒ္ေကာင္းေနခ်ိန္မွာ ကစားသမားေတြက တတ္နိုင္သေလာက္ အခ်ိန္တိုအတြင္း ႀကံ့ခိုင္လာေအာင္ မလုပ္ခဲ့ၾကပါဘူး။ ေပါ့ဘာ အသင္းေျပာင္းခ်င္တဲ့ကိစၥကလည္းႏွောင့္ယွက္ေနပါတယ္။ ေနာက္ထပ္ ဘယ္ကစားသမားကမ်ား ”မန္ယူအသင္း လမ္းေၾကာင္းမွားေနၿပီ။ ကြၽန္ေတာ္လည္း အသင္းကထြက္ခ်င္တယ္”လို႔ ထပ္ေျပာဦးမလဲ။ မန္ယူအသင္းက ဂိုးသိပ္မသြင္းနိုင္ဘူး။ ဂိုးရဖို႔ ႐ုန္းကန္ေနရတယ္။ အမွတ္ေပးဇယားေအာက္ေျခမွာ ႐ုန္းကန္ရတဲ့ အေျခအေနမျဖစ္ေစဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ သူတို႔က အမွတ္ေပးဇယားေအာက္ေျခကို ဦးတည္ေနတာ ေသခ်ာတယ္”လို႔ ဆမ္အလာဒိုက္စ္က ေျပာပါတယ္။ ဆမ္အလာဒိုက္စ္ဟာ ေဘာ္တန္၊ နယူးကာဆယ္၊ အဂၤလန္အသင္းေတြကို နည္းျပခဲ့ဖူးသူပါ။ မန္ယူဟာ ရာသီအဖြင့္ပြဲစဥ္မွာ ခ်ဲလ္ဆီးကို (၄)ဂိုးျပတ္ အနိုင္ရခဲ့ၿပီးေနာက္ပိုင္း နိုင္ပြဲတစ္ပြဲပဲရခဲ့ၿပီး ပြဲစဥ္(၁၀)မွာ တစ္ဂိုးထက္ ပိုသြင္းနိုင္တဲ့ပြဲ မရွိခဲ့ပါဘူး။


Leave a Reply

Your email address will not be published. Required fields are marked *