တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုတွေပြောလာတဲ့ မေမီကိုကိုနဲ့ မြတ်သူသူဇင်

တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုတွေပြောလာတဲ့ မေမီကိုကိုနဲ့ မြတ်သူသူဇင်

မြတ်သူသူဇင်နဲ့ မေမီကိုကို တိုု့ နှစ်ယောက်ကတော့ မထင်မှတ်ပဲ အလုပ်တွေ အတူတူလု ပ်ဖြစ်လေ့ရှိတဲ့အကြောင်းတွေကို မေမီကိုကိုက ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယော က်ကလည်း ညီအစ်မတွေလို ခင်နေပြီလို့ မြတ်သူသူဇင်က ဆိုပါတယ်။

ဇာတ်လမ်းတွဲ မင်းသမီးချောလေးတွေဖြစ်တဲ့ မေမီကိုကိုနဲ့ မြတ်သူသူဇင်ကတော့ ပရိသတ် အခိုင်အမာရရှိထားကြသူတွေဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုတွေ ကိုလည်း ပြောပြခဲ့ကြပါသေးတယ်။ မေမီကိုကို နဲ့ ညီအစ်မတွေလို ရင်းနှီးနေပြီလို့ မြတ်သူသူ ဇင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’အလုပ်တစ်ခုခု လုပ်လို့ရှိရင် အကုန်လုံးနဲ့ရင်းနှီးအောင် အရင်ဆုံးနေလိုက်တယ်။ ရိုက်ကွင်းပေါ်ရောက်ရင် အဆင်ပြေပြေဖြစ်အောင် အရင်ဆုံးကြိုးစားကြတယ်။ အကုန်လုံး ကလည်း ညီအစ်ကို မောင်နှမတွေလိုပဲ နေတဲ့ အတွက်ကြောင့်မို့လို့ပြဿနာတော့ မရှိဘူး အကုန် လုံးနဲ့ခင်ကြပါတယ်’’ လို့ ဆိုပါတယ်။

အဲဒီနောက် မေမီကိုကို ကလည်း မြတ်သူသူဇင်နဲ့ အတူတူ အလုပ်ကိစ္စတွေမှာအမြဲဆုံဖြစ်တဲ့ အကြောင်းတွေကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ မေမီတို့နှစ်ယောက်က ပျားရည်အိုင်မှာလည်း မဆုံဖြစ်ကြပေမယ့် ပြည်ကို ခရီးထွက်တဲ့ အခါ တုန်းကလည်း တစ်အိမ်တည်းမှာ အတူတူတည်းကြတယ်။ ပြီးတော့ Missing Miss ဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာလည်း မမြတ်နဲ့ အတူတူပဲ။ မေမီနဲ့ မမြတ်နဲ့ဆိုရင် ရေစက်တောင် တော်တော်ပါတယ်လို့ ပြောလို့ရတယ်။ နောက်ထပ်လည်း ထပ်ဆုံဦးမလားမသိဘူးနော်။ တစ်ယောက်ဘာလုပ်ချင်ရင် နောက်တစ်ယောက်က ဘာ ဆိုတာသိနေပြီးသားပေါ့နော်’’ ဆိုပြီးတော့ အောက်တိုဘာလ ၆ ရက်နေ့က ပုသိမ်မြို့မှာ ကျင်းပပြုလုပ်တဲ့ Aroma Show ပွဲမှာ ဖြေဆိုခဲ့တာပါ။

မေမီကိုကို ကိုတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲက မင်းသမီးလေးအဖြစ် ပရိသတ် တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူမကိုတော့ ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲ နဲ့Star Awards ဆုတွေထဲက အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိထားသူပါ။ လက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။သူမဟာ မကြာခင် ရိုက် ကူးမယ့် Player ရုပ်ရှင်ဇာတ်ကားမှာ ထွန်းထွန်းနဲ့ အိမ်က သဘောတူထားတဲ့ ကောင်မ လေးနေရာက ပါဝင်ရမှာ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရု ပ်ဆောင်ရမှာ ဖြစ်လို့ သူမအနေနဲ့ အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်တာကြော င့်ပရိသ တ်တွေလည်း အားပေးဖို့အတွက် တောင်းဆိုထားပါသေးတယ်။

မြတ်သူသူဇင်ကိုတော့ ပရိသတ်တွေက ဝိညာဉ်ရှိုက်သံ၊ ဝင်္ကပါစံအိမ်၊ ရတနာထဲကရတနာ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲဒီနော က် ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ‘’မြညို’’ ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ ပိုမိုအားပေးလာကြတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း သူမက MRTV-4 ရုပ်သံဇာတ် လမ်းတွဲတွေ ရိုက်ကူးလို့နေပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *