တစ်ပတ်တာဗေဒင်ဟောစာတမ်း – အောက်တိုဘာလ (၉) ရက်နေ့မှ အောက်တိုဘာလ (၁၅) ရက်နေ့

တစ်ပတ်တာဗေဒင်ဟောစာတမ်း – အောက်တိုဘာလ (၉) ရက်နေ့မှ အောက်တိုဘာလ (၁၅) ရက်နေ့

ချစ်သူနဲ့ နားလည်မှုတွေ တည်ဆောက်နိုင်လိမ့်မည်။ ငွေကြေးကိစ္စတွေမှာ အဆင်ပြေနေလိမ့်မည်။ မထင်မှတ်ထားတဲ့ နေရာမှ ငွေကြေးများရရှိနိုင်သည်။ အဆင်ပြေတာတွေ တည်တံ့နိုင်ဖို့ နံနက်တိုင်း ဘုရားမှာ သောက်တော်ရေ ကပ်ပါ။

ပြိဿရာသီဖွား

ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို ယောင်ဝါးဝါးဖြစ်နေတတ်သည်။ အနာဂတ်ပျောက်သလို ခံစားရပြီးမှ မိမိအတွက် နေရောင်ခြည်အလင်းတန်းလေးကို တွေ့ရှိရလိမ့်မည်။ ဘာဖြစ်ဖြစ် အကောင်းဆုံးကျော်ဖြတ်နိုင်လိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ဖရဲသီး ကပ်လှူပါ။

မေထုန်ရာသီဖွား

မိမိနဲ့ပတ်သက်တဲ့ သူတွေအပေါ် ဦးဆောင်နေရမယ့် အချိန်ဖြစ်သည်။ ချစ်သူရဲ့ ယုံကြည်မှုတွေ ရရှိမယ့် အချိန်ဖြစ်သည်။ ခေါင်းဆောင်ကောင်းတို့ရဲ့ ပုံသဏ္ဌာန်ဖြစ်နေမည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် သပြေညွှန့်ကပ်လှူပါ။

ကရကဋ်ရာသီဖွား

အချစ်ရေးမှာ စိတ်ညစ်စရာလေးတွေရှိနေတတ်သည်။ ရှေ့တိုးရမလို နောက်ဆုတ်ရမ လိုဖြစ်ပြီး စိုးရိမ်သောကဖြစ်နေတတ်သည်။ ပညာရေးကံကောင်းနေမည့် အချိန်ဖြစ်သည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် စနေထောင့်မှာ အုန်းညွှန့်ကပ်လှူပါ။

သိဟ်ရာသီဖွား

ဒူးခေါင်းမှာ ထိခိုက်ဒဏ်ရာရတတ်သည်။ ကျန်းမာရေးမှာ ပူပန်စရာတွေ ဖြစ်လာတတ်သ ည်။ မိမိ(သို့) မိသားစုအတွက် စိုးရိမ်ပူပန်နေရတတ်သည်။ ပူပန်စရာတွေ လျော့ကျစေဖို့ သတ္တဝါတွေကို ရေအလှူပြူပါ။

ကန်ရာသီဖွား

အချစ်ရေးမှာ ပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မည်။ ချစ်သူရည်စားရှိသူတွေ အထူးသတိထားရမယ့် ကာလဖြစ်သည်။ ကျန်းမာရေးမှာ ချူချာနေတတ်သည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် ပေါက်ပေါက်ဆုပ်ကို ငါးစာကျွေးပါ။

တူရာသီဖွား

အထင်အမြင်လွဲခံရတတ်သည်။ ကြားလူရဲ့ စကားတွေကြောင့် အဆင်မပြေတာတွေဖြ စ်တတ်သည်။ ပြဿနာတွေကို ဖြေရှင်းရာမှာ ကိုယ်တိုင်ဖြေရှင်းပါ၊ ကြားလူနဲ့ မဖြေရှင်းပါနဲ့။ ဆောင်ရွက်သမျှအဆင်ပြေစေရန် လမ်းတစ်လမ်းမှာ ခရေပင်စိုင်ပျိုးပါ။

ဗြိစ္ဆာရာသီဖွား

မမျှော်လင့်ဘဲ ခရီးထွက်ရနိုင်သည်။ စိတ်တိုစရာလေးတွေ ကြုံရတတ်သည်။ ကိုယ်နဲ့ရင်း နီး သူများအပေါ် စိတ်ဆိုးရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဆွေမျိုးတ စ်ဦးကို မုန့်လက်ကောက် ဝယ်ကျွေးပါ။

ဓနုရာသီဖွား

မထင်မှတ်ဘဲ အိမ်ထောင်ကျကိန်းရှိသည်။ ကိုယ့်ထက်ငယ်ရွယ်သူများနဲ့ အဆင်ပြေနေ လိ မ့်မည်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ထိခိုက်ဒဏ်ရာရတတ် သည်။အန္တရာယ်ဖြစ်တ တ်သည်။ ဆောင်ရွက်သမျှအဆင်ပြေစေဖို့ အစိမ်းရောင် ရှောင်ဝတ်ပါ။

မကာရ ရာသီဖွား

ပညာရေးမှာ ကံအညံ့လေးတွေဖြစ်နေလိမ့်မည်။ အချစ်ရေးနဲ့ပညာရေး ရောနေတတ်သည်။ အချစ်ရေးမှာ နောက်ကျောဓားထိုးခံရတတ်သည်။ ဒါတွေကို ရှောင်ရှားနိုင်ဖို့ သူငယ်ချင်းတစ်ဦးကို မေတ္တာသုတ်ကို တစ်နေ့သုံးခေါက် ရွတ်ဖတ်ပါ။

ကုမ်ရာသီဖွား

လူမှုရေး ကိစ္စတွေမှာ စိတ်ရောက်နေတတ်သည်။ အချစ်ရေး ၊ လူမှုရေး ရောထွေးနေပြီး စိတ်အနှောင့်အယှက်ဖြစ်တတ်သည်။ ငွေကြေးကိစ္စတွေမှာ ကံတက်နေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် အကြွေစေ့ပေါ် ဖယောင်းတိုင်ထွန်းပြီး ဘုရားရှိခိုးပါ။

မိန်ရာသီဖွား

ကံတက်နေမယ့် အချိန်ဖြစ်သည်။ ဘာလုပ်လုပ်အဆင်ပြေနေတတ်သည်။ သို့သော်လည်း ကြာရှည်မည်တော့ မဟုတ်ပါ။ တစ်မျိုးမျိုးနဲ့ အနှောင့်အယှက်ဝင်လာတတ်သည်။ လက်ခံနိုင်အောင် ကြိုးစားပါ။ ယတြာအနေနဲ့ ကြက်သွေးရောင်ပါတဲ့ အရောင်တွေကို အများအားဖြင့် ဝတ်ဆင်ပါ။


Leave a Reply

Your email address will not be published. Required fields are marked *