တစ်ယောက်တည်းရှိနေချိန်မှာ လုံးဝမကြည့်ရှုသင့်တဲ့ ကြောက်စရာအကောင်းဆုံးသော ဂျပန်သရဲကား(၁၀)ကား

တစ်ယောက်တည်းရှိနေချိန်မှာ လုံးဝမကြည့်ရှုသင့်တဲ့ ကြောက်စရာအကောင်းဆုံးသော ဂျပန်သရဲကား(၁၀)ကား

သရဲကားကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတော်များများကြည့်ရှုခဲ့ကြဖူးတဲ့ ဇာတ်ကား အများစုဟာ ဟောလိဝုဒ်၊ ထိုင်း၊ တရုတ်နဲ့ ကိုရီးယားဇာတ်ကားအများစုသာဖြစ်ပြီး တချို့သော ပရိသတ်တွေကျတော့လည်း အိန္ဒိယသရဲကားတွေကိုပါ ကြည့်ရှုကြလေ့ရှိပါတယ်။ ဂျပန် သရဲ ကားတွေကိုတော့ ကြည့်ရှုကြသူနည်းပါးကြတာကြောင့် ဒီတစ်ခါမှာတော့ သရဲကားကြိုက်နှ စ်သက်သူ ပရိသတ်တွေရဲ့ အကြိုက်နဲ့ တစ်ထပ်တည်းကျစေမယ့် ဂျပန်သရဲကားအချို့ကို တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက အခုဖော်ပြပေးမယ့် ဂျပန်သရဲကားတွေကို တစ်ယောက်တည်းရှိနေချိန်မှာ လုံးဝမကြည့်ရှုသင့်ဘူးဆိုတာပါပဲ။ ဒီလိုဆိုရင် ဘယ်လောက်တောင်များ ခြောက်ခြားစရာကောင်းတဲ့ ဇာတ်ကားတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြရအောင်။

10. ST JOHN’S WORT (2001)

Nami ဆိုတဲ့ မိန်းကလေးဟာ သူမရဲ့ အိပ်မက်ထဲမှာ မြင်တွေ့ရတဲ့ပုံရိပ်တွေကို အခြေခံပြီး ရည်းစားဟောင်းဖြစ်သူ Kōhei နဲ့ ဗီဒီယိုဂိမ်းတစ်ခုကို တီထွင်ဖန်တီးနေသူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမ အိပ်မက်ထဲမှာမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေနဲ့ တူညီနေတဲ့ အိမ်အိုအေ ဟာင်းကြီးတစ်လုံးဆီကို Kōhei နဲ့အတူ ခရီးထွက်လာခဲ့ကြရာ ထိုအိမ်ကြီးကနေတဆင့် သူမရဲ့ ပျောက်ဆုံးနေတဲ့အတိတ်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ အဲဒီအိမ်ကြီးမှာ သူမတို့ကို စောင့်ကြိုနေတဲ့သူက ဘယ်သူလဲ၊ အဲဒီသူနဲ့ ဘယ်လိုမျိုးအခြေအနေတွေကို ရင်ဆိုင်ရမလဲဆိုတာကတော့ ပရိသတ်တွေကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုသင့်ပါတယ်နော်။

9. THE BOOTH (2005)

Shogo လို့အမည်ရတဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူတစ်ဦးဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သေဆုံးသွားတဲ့ တင်ဆက်သူတစ်ယောက် လုပ်ကိုင်ခဲ့တဲ့ ရေဒီယိုအသံလွှင့်ဌာနမှာ ညသန်းခေါ င်ကြီး ယာယီလုပ်ကိုင်ဖို့အတွက် အတင်းအကြပ်စေခိုင်းခံရာကနေ ဇာတ်လမ်းစတင်ြ ဖစ်ပေါ် လာ တာ ဖြစ်ပါတယ်။ သူ့ရဲ့တာဝန်အတိုင်း ညဘက်ကြီးအသံလွှင့်တင်ဆက်နေချိန်မှာပဲ နားဆင်သူပရိသတ်တစ်ယောက်ဆီကနေ ဖုန်းကောလ်တွေ အများကြီးဝင်လာချိန်မှာတော့ ဘယ်သူမှ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ မထင်မှတ်ထားတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေ အများကြီးနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကို မကြည့်သင့်ဘူးလို့ အကြံပေးပါရစေ။

8. UZUMAKI (2000)

ဝိညာဉ်တွေနဲ့ ပြည့်နှက်နေတဲ့ မြို့တစ်မြို့မှာ နေထိုင်တဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက် အဆိုပါဝိညာဉ်တွေနဲ့ ဘယ်လိုမျိုး ဆက်သွယ်မလဲ၊ ဘယ်လိုဖြစ်ရပ်ဆိုးတွေကို ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ရိုက်ကူးပြသထားတဲ့ ဒီဇာတ်ကားကိုတော့ တချို့တွေက “Spiral” ဆိုတဲ့ နာမည်နဲ့လည်း အသိများပါတယ်။

7. DARK WATER (2002)

နေရာလွတ်တစ်နေရာမှ မကျန်အောင် ရေတွေစိုရွှဲနေတဲ့ တိုက်တန်းလျားတစ်ခုဆီကို ပြောင်းရွှေ့လာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့ အသက် ၆ နှစ်အရွယ် သမီးလေးတို့ အဆိုပါတိုက်ခန်းမှာ ဘယ်လိုမျိုး သဘာဝလွန်ဖြစ်ရပ်တွေကို ရင်ဆိုင်ဂမလဲဆိုတာကို ဇာတ်လမ်းပုံဖော်ရိုက်ကူးထားတဲ့ ထိုဇာတ်ကားဟာလည်း စိတ်ခြောက်ခြားမှုအပြည့်နဲ့ ကြည့်ရှုရမယ့်ဇာတ်ကား ဖြစ်ပါတယ်။

6. THE RING (1998)

ဒီဇာတ်ကားကိုတော့ သရဲကားကြိုက်နှစ်သက်သူ ပရိသတ်တွေ အတော်များများသိကြ၊ ကြည့်ဖူးကြမှာပါနော်။ ကြည့်တဲ့သူတိုင်း ၇ ရက်အတွင်း သေစေတဲ့ ကျိန်စာရှိတယ်လို့ နာမည်ကြီးနေတဲ့ ဗီဒီယိုဖိုင်တစ်ခုရဲ့ ဇစ်မြစ်ကို လိုက်လံရှာဖွေတဲ့ သတင်းထောက်အမျိုးသမီးနဲ့ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူတို့ ဘယ်လိုမျိုးဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ကြရသလဲဆိုတာ ကိုလည်း မှတ်မိကြမယ့်သူတွေရှိဦးမယ်လို့ ထင်ပါတယ်။

5. GUINEA PIG (1985-1988)

ဒါကတော့ ဇာတ်ကားတစ်ကားတည်းအပြီးမဟုတ်ပဲ ဇာတ်လမ်းတွဲသဘောမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းတွဲဆိုပေမယ့်လည်း တစ်ပိုင်းနဲ့တစ်ပိုင်း ဘယ်လိုမျိုး ထိတ်လန့်စရာကောင်းတဲ့ ခံစားမှုကို ပေးစွမ်းနိုင်မလဲဆိုတာကိုတော့ ပရိသတ်တွေ ကိုယ်တိုင်ပဲ ကြည့်ရှုသင့်ပါတယ်နော်။

4. SWEET HOME (1989)

နာမည်ကြီး ပန်းချီဆရာတစ်ယောက်ရဲ့ ပန်းချီကားချပ်တွေကို ပြန်လည်ထိန်းသိမ်းဖို့အတွက် သူ့ရဲ့ နေအိမ်ကြီးဆီကို လာရောက်ခြဲ့ကတဲ့ ထိန်းသိမ်းရေအဖွဲ့ဝင်တွေအနေနဲ့ အိမ်ကြီှးဆီကို ရောက်တဲ့အခါမှာတော့ ပန်းချီဆရာကြီး ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ ဒီဇာတ်ကားထွက်ရှိခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၃၀ ခန့်ကြာမြင့်နေပြီဆိုသော်ငြားလည်း ဘယ်အချိန်ကြည့်ကြည့် ကြောက်လန့်စရာကောင်းတဲ့ ခံစားမှုကိုတော့ အပြည့်ပေးစွမ်းနိုင်ဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။

3. PERFECT BLUE (1997)

ဒီဇာတ်ကားကတော့ သက်ရှိသရုပ်ဆောင်တွေနဲ့ ဖန်တီးထားတာမဟုတ်ပဲ အန်နီမေးရှင်းတွေနဲ့ ဖန်တီးထားတဲ့ ဂျပန်ကာတွန်းဇာတ်ကားဖြစ်ပါတယ်။ ကာတွန်းဇာတ်ကားဆိုပေမယ့်ငြားလည်း အရမ်းကို ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ကားဖြစ်နေတာကြောင့် တစ်ယောက်တည်းရှိနေချိန် မှာတော့ ယောင်လို့တောင် မကြည့်မိပါစေနဲ့နော်။

2. EVIL DEAD TRAP (1988)

ဒီဇာတ်ကားဟာဆိုရင်လည်း စတင်ပြသခဲ့တဲ့ အခုဆိုရင် နှစ်ပေါင်း ၃၀ ကျော်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေကို အသွေးထဲ၊ အသားထဲကနေ ကြောက်ရွံ့စေတဲ့ ခံစားချက်မျိုးကို ပေးစွမ်းထားနိုင်ဆဲဖြစ်တယ်လို့ ဆိုထားကြတာကို တွေ့ရပါတယ်။

1. NOROI: THE CURSE (2005)

သက်တမ်းရင့်နေပြီဖြစ်တဲ့ နတ်ဆိုးတစ်ကောင်နဲ့ ဆက်သွယ်မိရာကနေ ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဒီဇာတ်ကားကတော့ ပရိသတ်တွေအတွက် တကယ်ကို ကြည့်ရင်းနဲ့ ကြက်သီးတဖြန်းဖြန်းထစေတဲ့ ဇာတ်ကားဖြစ် ပါတယ်။

Ref : Screen Rant
Mia (Momolay) ,Reference&Credit;momolay.com


Leave a Reply

Your email address will not be published. Required fields are marked *